Uni
အမုန်းမီးလေး ငြိမ်းပေးပါ
🌳🌳🌳🌳🌳🌳🌳အပိုင်း ၈
🌳🌳🌳🌳🌳🌳🌳"ဟင် "
မထင်မှတ်ထားသည့် သူကို ကြာရိပ်တွေ့လိုက်ရသဖြင့် ကြာရိပ် မျက်ဝန်းလေးများ ဝိုင်းစက်သွားရလေသည်။
သူမ စိတ်ထဲမှာတော့ သူမကို ဘာတွေများ ထပ်ပြီး နှိပ်စက်ဦးမလဲပေါ့။
"ရှင် ဘာလိုက်လုပ်တာလဲ ဦးစစ်လွန်းရောင် ကျွန်မကို ဘာတွေထပ်ပြီး နှိပ်စက်ချင်သေးလို့လဲ"
သူမ ခပ်တင်းတင်းပင် သူကို ပြန်မေးလိုက်လေရာ သူ သူမကို သနားခံသော မျက်ဝန်းများဖြင့် ကြည့်ရင်း
"ကိုယ် ဖြစ်ခဲ့တာတွေ အားလုံး အတွက် ကိုယ်တောင်းပန်ပါတယ် ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ"
ကြာရိပ် သမီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး မျက်နှာကို နဂိုထက် ပိုမို တင်းပစ်လိုက်ကာ
"ရှင်က ကျွန်မကို မောင်းထုတ်ချင်တိုင်း မောင်းထုတ် ပြန်ခေါ်ချင်တိုင်း ခေါ်ရအောင် ကျွန်မကို ရှင် ကြိုးဆွဲရာ ကမဲ့ ရုပ်သေးရုပ်များ မှတ်နေလား ရှင် ကစားချင်တိုင်း ကစားရအောင် ကျွန်မက ရှင့် ကျွန် မဟုတ်ဘူး"
စစ် သူကို တစ်ခွန်းမကျန် ပြန်ပြောနေသော သူမလေးကို လေးနက်စွာ စူးစိုက်ကြည့်လိုက်ပြီး
"ဟုတ်တယ် မင်းက ကိုယ့် ကျွန်မဟုတ်ဘူး ဒါပေမယ့် မင်းက ကိုယ့် မိန်းမလေ"
"ဘာ ! "
သူ့ စကားကြောင့် သူမ တအံ့တသြဖြစ်ရသည့်အပြင် ဒေါသဖြစ်သွားရကာ
"ရှင် စော်ကားလှချည်လား ရှင် ကျွန်မကို ဘယ်လိုမိန်းမစားထင်နေတာလဲ"
သူမ တို့ နှစ်ယောက်ကို ကြောင်တောင်တောင်လေး ကြည့်နေသူ က မီးမီးလေးဖြစ်သည်။
သူ သူမ ရင်ခွင်ထဲက မီးငယ်လေးကို ခဏမျှ ငေးစိုက်ကြည့်ပြီး
"ချစ်လွန်းဖြူ က ကိုယ့်သမီး မဟုတ်လား"
"အို မဟုတ်ပါဘူး မီးမီးလေးက ကျွန်မ သမီး ရှင်နဲ့ ဘာမှ မပတ်သတ်ဘူး"
![](https://img.wattpad.com/cover/378496030-288-k509121.jpg)
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romanceမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း