Uni
အမုန်းမီးလေး ငြိမ်းပေးပါ
💦💦💦💦💦💦💦အပိုင်း ၁
💦💦💦💦💦💦💦"မှော်ရုံဝန်း" စံအိမ်တော်"
စံအိမ်တော်ကြီးက ခြံဝန်းကြီးကျယ်သလောက် အိမ်တော်ကြီးကလဲ အလွန်ပင် ခန့်ညားထည်ဝါနေလေသည်။
စံအိမ်တော် ခြံဝန်း အတွင်းသို့ ဝင်လာသော အမျိုးသမီး နှစ်ဦးသည်
တစ်ဦးက ၅၀ ကျော် အရွယ်ရှိမည်ဖြစ် အမျိုးသမီး တစ်ဦး
တစ်ဦးကတော့ ၂၃ နှစ်လောက်သာ ရှိဦးမည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။စံအိမ်ကြီးအတွင်း အရောက်လေတော့
"မမြထား ရောက်ပြီလား"
"ဟုတ်ကဲ့ သခင်မကြီး"
သခင်မကြီး အရှေ့အား ဒေါ်မြထား နှင့် မိန်းကလေး ငယ် ရိုကျိုးစွာ ဒူးထောက်ထိုင်လိုက်လေသည်။
"မမြထား သူက"
ဒေါ်မြထား ဘေးမှ မိန်းကလေးအားကြည့်ပြီး
"ဒါက ကျွန်မရဲ့ တူမပါ
မိဘသားချင်းမရှိ ခိုကိုးရာ မဲ့နေလို့ ဒီမှာ သူအတွက် အလုပ်ကလေး တစ်နေရာ လောက် ရမလားဆိုပြီး ခေါ်ခဲ့တာပါ မယ်မယ်ကြီး""ကောင်းပြီလေ ဒါဆိုလည်း အလုပ်ပေးရတာပေါ့ ဒါနဲ့ သူနာမည်က"
"ကြာရိပ်ဖြူ ပါ သခင်မကြီး"
သခင်မ ကြီးက ခေါင်းကို ငြိမ့်လိုက်ပြီး
"ကောင်းပြီ သူ့ကို သင့်တော်တဲ့ နေရာမှာ အလုပ်တာဝန် စီစဉ်ပေးပါ ပြီးတော့ အိမ်တော်ရဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကိုလဲ ပြောပြလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်မကြီး"
ကြာရိပ်အတွက် ခိုလှုံစရာ အရိပ်တစ်ခု ရခဲ့လေပြီ။
ကြာရိပ် ဘဝက ခိုကိုးရာမဲ့ဖြစ်ခဲ့ရပေမယ့် ဒေါ်လေး မြထားကြောင့် ခိုလှုံ့စရာ အရိပ်တစ်ခု ရခဲ့သည့်အတွက် ကျေနပ်မိပါသည်။ဘာပဲဖြစ်ဖြစ် ရရှိလာသော ဘဝလေးက ကြာရိပ် အတွက် အဆင်ပြေမှာပါလေ။
💦💦💦💦💦💦💦💦💦💦💦💦💦💦"မာမီ သားပြန်လာပြီ"
ဒေါ်ခင်ခင်ကြီး သားဖြစ်သူကို ကြည့်လိုက်ပြီး
![](https://img.wattpad.com/cover/378496030-288-k509121.jpg)
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Любовные романыမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း