7 U/Z

3K 33 0
                                    

Uni

အမုန်းမီးလေးငြိမ်းပေးပါ
~~~~~~~~~~~~~~~~

အပိုင်း  ၇
~~~~~~~
စစ် တစ်ယောက်   ကြာရိပ်ဆီမှ  အပြန်  အရေးတကြီး  ကျော်စွာဆီမှ  ph ဝင်လာသဖြင့်  ရန်ကုန်သို့  ချက်ချင်းပြန်လာခဲ့ရလေသည်။

အပြန်လမ်းမှာ  နဒီ ကိုလည်း  ပြန်ခေါ်လာခဲ့လေသည်။

နဒီ ကို သူမ အိမ်သို့ လိုက်ပို့လိုက်ပြီး  သူကတော့  "မှော်ရုံဝန်း" စံအိမ်သို့  ပြန်လာခဲ့လေသည်။

စံအိမ်သို့  ရောက်လျှင်ပင်  မာမီ  အခန်းထဲဝင်ကာ  မာမီ  ဓာတ်ပုံ  အရှေ့ဦးခိုက်ပြီး  သူ အခန်းထဲသို့  ဝင်ခဲ့လေသည်။

သူလည်း အခန်းထဲရောက်သည့်နှင့် ကျော်စွာ ဆီမှ  လွန်ခဲ့သော  ၃ နှစ်ကျော်က  ယူခဲ့သော  လုပ်ငန်းဖိုင် တစ်ခုကို  စတင်ရှာဖွေလေတော့သည်။

ထို ဖိုင်ကို သူရှာနေသော်လည်း  ဘယ်လိုမှ ရှာမရပေ။

"ဟူး  "

သူစိတ်ပင် အတော်ရှုပ်လာသဖြင့် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိလေသည်။

သူ ဘယ်လိုပင်  သူလိုချင်သည့် အရာကို ရှာပါစေ ရှာမတွေ့ပေ

ရှာမရသည့်နှင့်  စိတ်ပျက်စွာ  ခုတင်ပေါ်လဲချလိုက်လေသည်။

သူ စိတ်ပျက်စွာ  ပစ်လှဲလိုက်စဉ်  သူ့ အခန်းထဲတွင်  cctv တပ်ဆင်ထားသည့်ကို သတိရသွားကာ  ကွန်ပြူတာ  ဆီသို့  လျှင်မြန်စွာ သွားပြီး  cctv မှတ်တမ်းကို  စတင်ဖွင့်ပါတော့သည်။

တရစ်ချင်း  တရစ်ချင်း  ကျော်ကြည့်လာလေရာ  သူ ကျော်စွာ မြန်မာပြည်  ပြန်လာသည့်  နေ့က  ပွဲမသွားခင် အချိန်ကို  ရောက်လာလေတော့သည်။

ထို့ကြောင့်  စူးစိုက်ကြည့်လိုက်တော့  စာရွက်စာတမ်းတွေ  ထားရှိသည့် နေရာကို  တွေ့ရပါတော့သည်။

သူ  ပျော်သွားမိလေသည်။

ထိုစဉ်  အပျော်လွန်သွားစဉ်  ကွန်ပြူတာ  ပေါ်မှ  ပုံရိပ်တချို့ကြောင့် သူ့အကြည့်တွေ ကွန်ပြူတာဆီ ရောက်သွားလေတော့သည်။

ထိုပုံရိပ်ကတော့  သူ့ အမူးလွန်နေစဉ်  ကြာရိပ် သူ့ကို  အခန်းထဲ  တွဲခေါ်လာခြင်းပုံရိပ်ဖြစ်သည်။

အမုန်းမီးလေးငြိမ်းပေးပါWhere stories live. Discover now