4 U/Z

3K 35 0
                                    

Uni
အမုန်းမီးလေး ငြိမ်းပေးပါ
🌷🌷🌷🌷🌷🌷🌷🌷

အပိုင်း  ၄
🌷🌷🌷🌷🌷🌷🌷🌷

"ဒေါ်မြိုင်  ကြာရိပ်ဖြူ ကို  ကျွန်တော်ဆီ  ခေါ်ခဲ့ပေး"

"ဟုတ်  ဟုတ်ကဲ့ သခင်လေး"

ဒေါ်မြိုင်တစ်ယောက် စစ်၏ စကားကြောင့်   ကြာရိပ် ရှိရာ အပြေးလေးရောက်လာခဲ့လေသည်။

"သမီး  ကြာရိပ်"

ကြာရိပ်  အလုပ်တွေ ပြီးလို့ သမီးလေး နှင့် ထမင်းစားနေစဉ်  ဒေါ်မြိုင် ရောက်လာခြင်းဖြစ်သည်။ အကြောင်းမရှိဘဲ သူမဆီ ရောက်မလာတတ်သော ဒေါ်မြိုင်ကြောင့်

"သြော်  ဒေါ်လေးမြိုင် လာလေ"

"မလာတော့ဘူး  သခင်လေး သမီးကို ခေါ်နေတယ် မြန်မြန်လာခဲ့"

"ရှင် "

ဒေါ်လေးမြိုင်ရဲ့ စကားကြောင့် ကြာရိပ် အံ့သြသွားရလေသည်။
သူမ နှင့် တစ်ခါမှ မရင်းနှီးခဲ့သော  သခင်လေးက သူမ ကို ခေါ်ခိုင်းခြင်းသည် သူမ အတွက် အံ့သြစရာ တစ်ခုဖြစ်၍နေလေသည်။

ဘာပဲဖြစ်ဖြစ်  ကိုယ့် ရဲ့ အလုပ်ရှင် ဆိုတော့လည်း သွားရမှာပေါ့။ သက်ပြင်းကို ခပ်ဖွဖွရှိုက်ရင်း ထမင်းကို လက်စသိမ်း စားလိုက်မိ၏။

သူမလည်း ထမင်းကို  ကပျာကယာ  လက်စသိမ်းစားပြီး  သခင်လေး အိမ်သို့ ထွက်ခဲ့လေသည်။

သမီးလေးကိုတော့  တန်းလျားက အစ်မ တစ်ယောက်နဲ့ အပ်ထားခဲ့ရလေသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

"သခင်လေး ကြာရိပ်ဖြူ  ရောက်ပါပြီ"

"သူကို  ကျွန်တော်ဆီ လွှတ်လိုက်  ဒေါ်မြိုင်  သွားတော့ ရပြီ"

"ဟုတ်ကဲ့ သခင်လေး"

ကြာရိပ်လည်း  သခင်လေး ရှိရာသို့  လျှောက်လာခဲ့လေသည်။

သခင်လေးက  သူမ ကို ကျောခိုင်းရပ်နေလေ၏။

"သခင်လေး ကြာရိပ် ရောက်ပါပြီ"

သူ  သူမ ဘက်ကို လှည့်လိုက်ပြီး 

"မတွေ့တာကြာပြီနော် ကြာရိပ်ဖြူ"

"ဟင်"

အသံလာရာ ကြည့်လိုက်တော့  ကြာရိပ်  မျက်ဝန်းအစုံ မယုံနိုင်လောက်အောင်ဖြစ်သွားရလေသည်။

အမုန်းမီးလေးငြိမ်းပေးပါWhere stories live. Discover now