11 U/Z

2.7K 25 0
                                    

Uni

"အမုန်းမီးလေး ငြိမ်းပေးပါ"

"အပိုင်း ၁၁"

"ဦးစစ်လွန်းရောင်"

စစ် ရဲ့  အိမ်လေးထဲတွင်  စူးရှစွာအော်ဟစ်ရင်း  အောင့်သက်သက် ထွက်ပေါ်လာသော  အသံရှင်က  ကြာရိပ်ဖြူဆိုသော သူမဖြစ်သည်။

စစ်  ဒေါသတွေ များစွာဖြင့်  သူ့ကို အခဲမကြေနေလေသော  ကြာရိပ်အား မျက်တောင်မခက်တမ်း ငေးကြည့်မိ၏။ ကြာရိပ် ထဘီကို မကာသာ သူ့ အနားသို့  လျှောက်လာခဲ့ရာ

"ကိုယ့်  အိမ်ကို မလာစဖူး အလာထူး  ကိုယ့်သမီး ရဲ့  မေမေ "

စသလို  နောက်သလို စပ်ဖြီးဖြီး ပုံစံဖြင့်  စစ်အား  စူးစူးရဲရဲ ကြည့်ပြီး 

"ဖြန်း   ဖြန်း"

သူရဲ့  ပါးပြင်အား  ကြာရိပ် ဘယ်ပြန်ညာပြန်  ရိုက်လိုက်လေသည်။

"ဟင်  "

စစ်လည်း  အလစ် အငိုက်မို့  အံ့သြရုံမှလွှဲ၍  ဘာမျှမတက်နိုင်ပေ။

"မင်း  မင်း  ကိုယ့်ကို ရိုက်တယ် "

"ရှင်ကို ရိုက်ရုံတင်မကဘူး  သတ်ပစ်ချင်တာ ကျွန်မ ဖာသာ အေးဆေးတည်ငြိမ်နေတဲ့ ဘဝကို  ရှင်က  နှောက်ယှက်တာ တမျိုး  ရှင့်ဟာမက  နှောက်ယှက်တာတမျိုးနဲ့  ရှင့်ကို  ကျွန်မ အရမ်းမုန်းတယ်"

သူမ နှုတ်မှ  ထွက်ကျလာသော  မုန်းတယ် ဆိုသော စကားက  သူရင်ထဲမှာတော့ အောင့်သက်သက်ပင် ခံစားလိုက်ရသည်။

"သမီး ကြာရိပ်  အပြင်မှာ သမီးနဲ့ တွေ့ချင်လို့ ဆိုပြီး  လူတစ်ယောက်ရောက်နေတယ်  "

ကြာရိပ်တစ်ယောက် ဒေါ်မြိုင် ရဲ့ အသံကြောင့်  နောက်လှည့်ကြည့်လိုက်ပြီး

"ဘယ်သူလို့ ပြောလဲ  ဒေါ်လေးမြိုင်"

"စိုင်းခမ်းမောင် လို့ ပြောတယ်"

"ဟင်"

"မောင်"

စိုင်းခမ်းမောင် ဆိုသော အမည်ကြားလိုက်သည့်နှင့် ကြာရိပ် ရင်ထဲမှာ အပျော်လှိုင်းတွေ  ဖြတ်သန်းသွားရလေသည်။

သူမ ရဲ့  ချစ်လှစွာသောမောင်။
အခုအချိန်ကြမှ  သူမ  ဆီ ပြန်ရောက်လာပြီပေါ့။

အမုန်းမီးလေးငြိမ်းပေးပါWhere stories live. Discover now