Uni
အမုန်းမီးလေး ငြိမ်းပေးပါ
❄❄❄❄❄❄❄❄❄❄အပိုင်း ၁၂
❄❄❄❄❄ကြာရိပ် လက်မခံချင်ဘဲ လက်ခံလိုက်ရသည့် မင်္ဂလာပွဲက ကြာရိပ် အတွက် ရုပ်ဆိုး အကျည်းတန်နေလေသည်။
စစ် ကတော့ သူမ ကို ပိုင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် ပျော်ရွှင်နေမိသည်။ ကြာရိပ် ရင်ထဲမှာ သူ့ အပေါ်ထားသော အမုန်းတရားတွေကိုတော့ ခြေဖျက်နိုင်ဖို့ သူ့ အတော်ကြိုးစားရပေဦးမည်။
သမီးလေး နဲ့ သူမ ကို သူဘဝ တစ်သတ်တာလုံး အသက်နဲ့ ရင်း ကာကွယ်စောင့်ရှောက်ပေးပါမည့်ဟု
လူကြီးသူမ များ အရှေ့တွင် ကတိ ကဝတ် သစ္စာပြုခဲ့သည်။ဒီ မင်္ဂလာပွဲက သူ့အတွက်တော့ ပျော်ရွှင်မိသည့် အမှန်။
သူမကို ချစ်လား မချစ်လား ဝေခွဲမရပေမဲ့ သူမကို စိုင်းခမ်းမောင် ဆိုသော ကောင်နဲ့ လက်ထပ်သွားမှာတော့ သေလောက်အောင် သူကြောက်နေမိလေသည်။
ဒါဟာ အချစ်ကြောင့်လား။
သူမ နဲ့ တွေ့တိုင်း ခုန်ပေါက်နေသော နှလုံးခုန်သံတွေက အချစ်ဆိုရင် ကျွန်တော် သူမ ကို ချစ်တယ်။
ထိုကြောင့် သူမကို ပိုင်ဆိုင် ရဖို့ အတွက် အနုနည်း သုံးမရသဖြင့် အကြမ်းနည်း သုံးကာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။
ကြာရိပ်အတွက်ကတော့ သမီး ကို ပိုင်ဆိုင်ခြင်သောကြောင့် သူမကို လက်ထပ်သည့် မင်္ဂလာပွဲက အချစ်မပါသောကြောင့် ပူလောင်စပ်ဖျင်းသော အက်စစ်တခွက်လိုပင် ခံစားရသည်။
ကြာရိပ် နှင့် စစ် ရဲ့ မင်္ဂလာပွဲက စည်းကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
လာသမျှ ဧည့်သည်များကလည်း အဆင်အတန်းရှိရှိ ဂုဏ်သရေရှိ လူကြီးများဖြစ်သည်။
သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို သူတို့ ရဲ့ အဆင်မပြေမှုတွေကို ပြန်လည် အစပျိုးစေခဲ့သော ပြင်ဦးလွင် ရဲ့ စိုက်ပျိုးရေး ခြံလေး မှာပင် ကျင်းပခဲ့သည်။
ကြာရိပ် နဲ့ သမီးလေး ချစ်လွန်းကတော့ စင်ဒရဲလားလေး ကဲ့သို့ အဖြူရောင် ဂါဝန်လေးတွေ နှင့် လှပ လျှက် ရှိသည်။

YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
عاطفيةမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း