Uni
အမုန်းမီးလေး ငြိမ်းပေးပါ
🌷🌷🌷🌷🌷🌷🌷🌷အပိုင်း ၃
🌷🌷🌷🌷🌷🌷🌷🌷၃ နှစ်ခန့်ကြာသော် အခါ
🌷🌷🌷🌷🌷🌷🌷🌷အချိန်တွေက ကုန်တာ မြန်လိုက်တာ။
ကြာရိပ်ဖြူ ဆိုသော သူမ ဘဝထဲကို သမီးလေး ချစ်လွန်းဖြူ ရောက်ရှိခဲ့သည့်ပင် ၂ နှစ်ကျော်ခဲ့လေပြီ ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ကြာရိပ် ပျော်ပါသည်။
ကျေနပ်သည်။ကြာရိပ် အနားမှာ ကြာရိပ် ချစ်ရသော သမီးလေး ရှိနေပြီ ဖြစ်သဖြင့် ကြာရိပ်၍ ရှေ့ဆက်ရမည့် နေ့တို့သည် ဟိုအရင်ထက်ပင် တက်ကြွနေလေ၏။
အခုဆို ကြာရိပ် ဘဝဟာ သမီးလေး အတွက်
ကြာရိပ် အသက်က သမီးလေး အတွက်ဖြစ်ခဲ့၏။လွန်ခဲ့တဲ့ ၁ နှစ်ကျော် အထိ မမရူပါရဲ့ စောင့်ရှောက်မှုအောက်တွင် သူမ နေခဲ့သော်လည်း အခုချိန်မှာတော့ တောင်ပေါ်ဒေသက သူမရဲ့ မွေးရပ် ဇာတိ
ရွာလေးမှာပင် ပြန်လည် နေထိုင်ခဲ့လေသည်။မမ ရူပါလည်း အခုဆို သူ့အိမ်ထောင်နှင့် သူ ဖြစ်နေပြီ မဟုတ်ပါလား။
သူမ အတွက် တစ်ဝမ်းတစ်ခါးရေးကတော့ ရွာစွန်းက စိုက်ပျိုးရေး ခြံလေးမှာ နေ့စား အလုပ်လုပ်ရင်း ဘဝကို ရပ်တည်နေရလေသည်။
သူမ နေရေးထိုင်ရေးလည်း ထို ခြံလေးမှာ အလုပ် လုပ်မှ အဆင်ပြေခဲ့လေသည်။သူမအတွက် ဝမ်းစာ အတွက် အလုပ်ရသလို နေရေးအတွက်လည်း ထိုခြံလေးရဲ့ အလုပ်သမားတန်းလျားမှာ အဆင်ပြေခဲ့လေသည်။
"ကြာရိပ် ရေ"
"ရှင် ဒေါ်လေး မြိုင်"
ဒေါ်လေးမြိုင် ဆိုသည့်မှာ ထိုခြံ အလုပ်သမားခေါင်းဆောင်ရဲ့ ဇနီးဖြစ်သည်။
ကြာရိပ် သမီးလေးကို ချော့သိပ်နေစဉ် ဒေါ်မြိုင်ရဲ့ အသံကြောင့် အပြင်ထွက်လာခဲ့ပြီး
"ဘာဖြစ်လို့လဲ ဒေါ်လေးမြိုင်"
"သြော် ကိစ္စက အထွေအထူးမဟုတ်ပါဘူး မနက်ဖြန် ဒီခြံပိုင်ရှင် သခင်လေး လာမယ် အဲ့ဒါ ထမင်း ဟင်း ချက်ဖို့ သမီး ကြာရိပ် ဒေါ်လေးကို လာကူညီစေချင်တယ်"

YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romansaမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း