14 (End) U/Z

5K 46 0
                                    

အမုန်းမီးလေး ငြိမ်းပေးပါ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

အပိုင်း  ၁၄(ဇာတ်သိမ်း)
🌿🌿🌿🌿🌿🌿🌿

စစ်  နှင့် စိုင်း  နှစ်ယောက်အတူ  စမ်းမဆယ် ရွာလေး ရှိရာသို့ ထွက်ခဲ့လေသည်။

ကားလေးကတော့  လမ်းမထက်တွင် တရွေ့ရွေ့ပြေးလွှားနေသည်။
ကားပေါ်တွင် လိုက်ပါလာသူ  နှစ်ယောက်ကတော့ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သတ်နေကြသည်။

တဖြည်းဖြည်း နှင့် ကားလေးက  စမ်းမဆယ် ရွာ သို့ ရောက်လာခဲ့လေသည်။

မိုးရွာထားသည့် အရှိန်ဖြင့်  လမ်းတွေက ဗွတ်ထနေသည်။

"ကိုစစ်လွန်းရောင်  ရှေ့ရောက်ရင် ကားဝင်လို့ ရမယ် မထင်ဘူး ကျွန်တော်တို့ လမ်းလျှောက်သွားရအောင်"

"ကောင်းတာပဲ"

စစ် ဘောင်းဘီ ရှည်ကို ဒူး အထိ ခေါက်တင်လိုက်ရလေသည်။

စီးလာသော ရှူးဖိနပ်ကိုလည်း ချွတ်၍ လက်က ကိုင်ခဲ့ရ၏။

စိုင်း ကတော့ ပုဆိုးကို တိုတိုဝတ်ပြီး
ဖိနပ်ခါးထိုးကာ  ရှေ့မှ ဦးဆောင် လမ်းရှောက်ခဲ့လေသည်။

စိုင်း အတွက်က ဒီလမ်းတွေက အထူးအဆန်းမဟုတ်သော်လည်း  စစ် အတွက်တော့ ခဲရာခဲစစ် သတိထားလျှောက်နေရလေသည်။

လမ်းတွေက ချော်  ဗွက်တွေက ပေါက်
ဘယ်လိုမှ လမ်းသွားရ အဆင်မပြေနိုင်ပေ။

"ဟူး  "

ကြမ်းတမ်းသည့် လမ်းတွေကို ကြည့်ပြီး သူ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်မိလေသည်။

ချစ်ရသူကို တွေ့ရဖို့ အရေး သူ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ်ကျော်ဖြတ်နိုင်ရမှာပေါ့။

နှစ်ယောက်သား တိတ်ဆိတ်စွာ လမ်းလျှောက်လာရာ  စိုင်းကပင်

"ဟိုရှေ့နားဆို ရောက်ပြီ  အဲ့ဒီအိမ်မှာ ဖြူ ရှိနေတယ်"

ရှေ့တည်တည့်က  စိုင်းပြလာသော အိမ်ကလေးကို စစ် ငေးကြည့်လိုက်ပြီး နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်။

သူ  ရဲ့ မဟေသီလေးကို တွေ့ရတော့မှာမို့  ရင်ခုန်နှုန်းတွေက တလှပ်လှပ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

အမုန်းမီးလေးငြိမ်းပေးပါWhere stories live. Discover now