Uni
အမုန်းမီးလေး ငြိမ်းပေးပါ
💧💧💧💧💧💧အပိုင်း ၉
💧💧💧မနက် မိုးလင်းကတည်းက စစ် ရင်တွေခုန် စိတ်တွေ လှုပ်ရှားနေမိသည်။
ဒီနေ့က သူ နှင့် မီးမီးလေး ရဲ့ DNA စစ်ချက်လေး သိရမည့် နေ့လေးပင်ဖြစ်သည်။
သူ ရင်ထဲမှာ ရင်ခုန်မှု လှိုင်းတွေက အဆမတန်တုန်ယင်ရှိုက်ခက်နေကြ၏။
ပြင်ဦးလွင် ဆေးရုံ ဝန်းထဲသို့ စစ် ရဲ့ ကားလေးကို မောင်းဝင်ကာ ရပ်လိုက်လေသည်။
ထို့နောက် သူငယ်ချင်း ဒေါက်တာ သူရ ရှိရာ သို့ စစ် လာခဲ့လိုက်သည်။
သူရ ဆီရောက်တော့ သူရ က စစ်ကို ပြုံး၍ ကြည့်ပြီး
"ဒီမှာ မင်းစစ်ခိုင်းထားတဲ့ ဆေးစစ်ချက်"
စစ် သူရ လှမ်းပေးတဲ့ ဆေးစစ်ချက်ကို လှမ်းယူလိုက်ပြီး
"ကျေးဇူးပါပဲ သူငယ်ချင်းရာ"
"ရပါတယ်ကွာ"
"အဲ့ဒါဆို ငါ့သွားမယ်နော်"
"အေးပါ "
သူရ ကို နှုတ်ဆက်ပြီး ပြင်ဦးလွင် ဆေးရုံက စစ် ပြန်ထွက်လာခဲ့လေသည်။
ကားပေါ်ရောက်တော့ စာအိတ်ကို ဖောက်ဖို့ သူ့ ရင်ထဲ ကုလားဘုရားလှည့်နေသည့်အလား တုန်ရင်နေလေသည်။
မျက်စိကို စုံမှိတ်ပြီး စာအိတ်ကို ဖွင့်မိ၏။
ထို့နောက် တဖြည်းဖြည်း မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ပျော်လိုက်တာ ဘယ်လိုပျော်မှန်းမသိ။သူ့ ရင်ထဲက အပျော်လိုင်းတွေက ဘာနှင့်မျှ ယှဉ် ၍ မရအောင် ကြည်နူးနေမိလေသည်။
"စစ်လွန်းရောင်
နှင့်
ချစ်လွန်းဖြူသွေးသားတော်စပ်မှု 99•/•"
သူ အတွက် တိကျသော အဖြေ ရပြီ ဖြစ်တဲ့ အတွက် သူရဲ့ စိုက်ပျိုးရေး ခြံသို့သာ ကားကို အရှိန်ပြင်းစွာ မောင်းလာခဲ့လေသည်။
💧💧💧💧💧💧💧💧💧💧💧စစ် အိမ်ရှေ့မှာ ကားကို ထိုးရပ်လိုက်ပြီး သူရဲ့ ခြေလှမ်းတွေက ကြာရိပ် ရှိရာသို့ ဦးတည် သွားခဲ့လေသည်။
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romanceမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း