Uni
အမုန်းမီးလေး ငြိမ်းပေးပါ
🌹 🌹 🌹 🌹 🌹 🌹အပိုင်း ၁၀ "
🌹 🌹 🌹 🌹 🌹 🌹"ကိုကိုရေ ကိုကို"
အိမ်ထဲသို့ အသံတစာစာဖြင့် အော်ခေါ်ကာ ဝင်လာသူက နဒီလှိုင်းဖြစ်သည်။
စစ် နဒီ အသံကြောင့် ဆံပင်တွေကို လက်ဖြင့်ထိုးဖွကာ သက်ပြင်းကို ချလိုက်ပြီး
"ကိုယ် ဒီမှာ နဒီ"
ဧည့်ခန်းတွင် ထိုင်နေသော စစ် ကို နဒီ တစ်ယောက် မမြင်ရှာပေ။
သူမ စစ်အသံကြောင့် လှည့်ကြည့်လိုက်ပြီး စစ်ကို မျက်နှာကို မျက်နှာချိုသွေးကာ
"ကိုကို ကလည်း ပြန်သွားတာတောင် နဒီကို ph တောင် မဆက်ဘူး တကယ်ပဲ နေနိုင်လိုက်တာ"
သူမ သူ့ အနားကို လာကာ သူ့ လက်ကို ဆွဲခါရမ်းရင်း ချွဲနွဲ့စွာ စကားဆိုလာလေသည်
စစ်ကတော့ သူ လက်မောင်းအား ကိုင်ထားသည့် သူမ လက်များ ကို ဖြုတ်ချလိုက်ပြီး
"ကိုယ့်ကို အဲ့လို မလုပ်ပါနဲ့ နဒီ"
"ဘာ ! "
သူ့ စကားကြောင့် နဒီ ဒေါသ အငွေ့လေး အနည်းငယ် စွန်းထင်လာကာ အော်လိုက်လေသည်။
"ကိုယ့် တို့ မင်္ဂလာပွဲ ဖျက်ရအောင်"
"ဘာ ဘယ်လို ကိုကို ဘာတွေ ပြောနေတာလဲ ဘာကြောင့်လဲ မင်္ဂလာပွဲ ဖျက်ရအောင် ဆိုတာက နဒီမှာ ဘာ အမှားတွေ ရှိလို့လဲ"
စစ်ကတော့ အေးဆေးတည်ငြိမ်စွာပင် နဒီကို ငေးကြည့်ရင်း
"မင်းအမှား မရှိဘူး တကယ်တမ်း မှားခဲ့တာ ကိုယ့် တာဝန်မကျေခဲ့တာ ကိုယ့် "
"ကိုကို ဘာတွေပြောနေတာလဲ "
နဒီ ကိုကို စကားတွေကို နားမလည်သလို မေးလိုက်မိ၏။
"ကိုယ့်တို့ မင်္ဂလာပွဲ ဖျက်ပြီး ကိုယ့် ကြာရိပ်ဖြူ ကို လက်ထပ်မယ်"
"ဘာ !"
နဒီ ထံမှ ထွက်လာသော ဘာ! ဆိုသော အသံက အောင့်သက်သက်ဖြစ်နေ၏။
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romanceမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း