Uni
အမုန်းမီးလေး ငြိမ်းပေးပါ
🌹🌹🌹🌹🌹🌹🌹🌹အပိုင်း ၅
🌹🌹🌹🌹🌹🌹🌹ကြာရိပ် သူ့အရှေ့မှ မျက်ရည် များစွာဖြင့် ပြေးထွက်လာခဲ့မိလေသည်။
ပါးပြင်ပေါ်သို့ ကျနေသော မျက်ရည်စများကိုပင် မသုတ်နိုင်ခဲ့ပေ။
"မီမီ လာချီ"
မီးမီးလေးက သူမကို တွေ့တော့ စကားမပီကလာ ပီကလာဖြင့် သူမဆီ ပြေးလာလေသည်။ ကြာရိပ်လည်း မီးမီးလေးကို
ပွေ့ချီ နမ်းရှိုက်လိုက်မိလေသည်။"မီးမီးလေး ရယ် "
"မီမီ တိုနတလ"
မီးမီးလေး လက်လေးတွေဖြင့် သူမ မျက်နှာအား တို့ထိ ကိုင်တွယ်ရင်း မေးလာလေရာ ကြာရိပ် မျက်နှာပေါ်က မျက်ရည်များကို လက်ဖြင့်သုတ်လိုက်ပြီး
"မေမေ မငိုပါဘူး မီးမီးရယ်"
မီးမီးလေးက သူမ အား သေချာ စူးစိုက်ကြည့်ပြီး
"မီမီ ညာတ"
"မေမေ မညာပါဘူး မီးမီးရယ် မေမေ မျက်လုံးထဲ အကောင်ကြီး ဝင်သွားလို့ပါ"
"တိက"
သူမ ကို ပြုံးရယ် ကြည့်ပြီး လက်ညိုးလေး ထောင်ပြလာသော သမီးလေး အား ချစ်မဝစွာ နမ်းရှိုက်လိုက်ပြီး
"တကယ် တကယ်"
ထိုအခါမှ မျက်နှာလေး ပြုံးသွားသော သမီးလေးကြောင့် သူမ ရင်ထဲ အေးချမ်းသွားရလေသည်။
ဘဝမှာ ဘယ်လို အခက်အခဲတွေပဲ ကြုံလာလာ သမီးလေးရှိရင် သူမ မည်သည့် အခက်အခဲမဆို ဖြတ်ကျော်ရန် ဝန်မလေးတော့ပေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹မီးမီးလေး ခြံထဲမှာ အရင်နေ့တွေ လိုပင် ပြေးလွှားဆော့ကစားနေလေသည်။
ထိုစဉ် သူမ မျက်ဝန်းထဲမှာ ရဲရဲနီနေသော နှင်းဆီခင်းကြီးက အချိုးကျစွာ ဝင်ရောက်လာသည့် ထင်ပါသည်။
ထို နှင်းဆီခင်းလေးဆီ သူမလေး တရွေ့ရွေ့လျှောက်ခဲ့ပြီး နှင်းဆီပန်းလေးတွေ ကို တို့ထိ ကိုင်တွယ်နေလေသည်။
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romanceမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း