Uni
အမုန်းမီးလေး ငြိမ်းပေးပါ
✔️✔️✔️✔️✔️✔️✔️✔️✔️✔️အပိုင်း ၁၃
✔️✔️✔️✔️✔️✔️✔️✔️✔️✔️စစ် တစ်ယောက် ကြာရိပ် ထွက်သွားသည့် အချိန်က စပြီး ကြာရိပ်ကို ရှာပုံတော်ဖွင့်ခဲ့သော်လည်း ကြာရိပ် သတင်း အစအန ပင် မရခဲ့ပေ။
ဒီကြားထဲ မီးမီး ကလည်း သူမ ကို တမ်းတလို့ ငိုခဲ့သည်က ဒီည နှင့်ဆို ၃ ည ရှိလေပြီ။
သူ အတွက်တော့ မီးမီးကို ချော့လိုက် ကားတစ်စီး နှင့် ကြာရိပ်ကို ပတ်ရှာလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။
သူ ဘယ်လိုပင် ရှာရှာ အပုန်းကောင်းသူ ကြာရိပ်ကိုတော့ သူရှာမတွေ့ခဲ့ပေ။
"ကြာရိပ်ရယ် မင်း ဘယ်ဆီများ ရောက်နေလဲ ကွာ"
"ဖီဖီ"
ဝရန်တာ မှာ အတွေးတို့ဖြင့် နယ်ချဲ့နေစဉ်
သူဆီသို့ ငိုမဲ့မဲ့လေး ပြေးလာသော သမီးလေးကို တွေ့လိုက်ရလေတော့ သူရင်ထဲ နင့်သွားရလေသည်။"သမီးလေး"
သမီးလေးက သူဆီကို ပြေးလာလေသော အခါ သူရင်ခွင်ထဲ ထွေးပွေ့လိုက်မိသည်။
"ဖီဖီ မီမီ ဘယ်တော့ မီး ဆီလာမှာလဲ ဟင်"
"သမီးရယ်"
သမီး မေးလာသော မေးခွန်းရဲ့သူ့ ရင်ထဲမှာ နင့်နေလေပြီ။
"ဖေဖေ ဘယ်လိုပြောရမလဲ သမီးလေးရယ်"
သမီးလေး ကလည်း သူရင်ခွင်မှာ ငိုရှိုက်နေလေသည်။
သမီးကို ကြည့်ပြီး သူ ရင်ထဲမှာ ဖော်မပြတတ်အောင်ပင် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
ယောကျာ်းတန်မဲ့ ဘဝမှာ မျက်ရည်ကျဖူးသည့်မှာ သူမ နှင့် ပတ်သတ်သည့်အခါမှသာ ဖြစ်သည်။
သူ မှာတော့ ပုန်းရှောင်နေသော သူမကို စိတ်ပူတာ တမျိုး။
ရင်ခွင်ထဲရှိ သမီးလေးကို သနားတာ တမျိုး။
သူ့ ရင်ထဲမှာ ဗလောင်ဆူနေရသည်။"ကြာရိပ်ရယ် မောင် မင်းကို ဘယ်မှာရှာရမလဲကွာ"
ပါးပြင်ပေါ်သို့ ကျလာသော မျက်ရည်စက်က နှလုံးသားမှာ ငိုကြွေးနေရတာလောက်တော့ ရှိမည် မထင်တော့ပေ။
✔️✔️✔️✔️✔️✔️✔️✔️✔️ ✔️✔️✔️✔️✔️✔️✔️✔️✔️

YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
عاطفيةမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း