6 U/Z

1.5K 18 0
                                    

Uni

အမုန်းမီးလေးငြိမ်းပေးပါ
🌾🌾🌾🌾🌾🌾 🌾

အပိုင်း   ၆
🌾🌾🌾🌾🌾

"နဒီ  ဒါ ကိုကို အခုနေတဲ့ အိမ်လေ"

"ဟွန့်  ကိုကိုက  ရန်ကုန် မနေဘဲ ပြင်ဦးလွင်လာနေရတယ်လို့ မပြောချင်ဘူး"

စစ်  လက်မောင်းကို  ကိုင်ပြီး ချွဲချွဲနွှဲ့နွှဲ့ ဆိုလာသူက  နဒီလှိုင်း ဆိုသော  စစ်  ရဲ့ ချစ်ရသူလေးပင် ဖြစ်သည်။

"ရန်ကုန်က စံအိမ်က  ချစ်လေးနဲ့  လက်ထပ်ပြီး  နေမယ်လေ  အခုတော့  ဒီအိမ်မှာပဲ  ကိုယ့်  လူပျိုဘဝလေးကို ဖြတ်သန်းချင်လို့"

"တော်တတ်နေတယ်နော်  ဟွန့်"

နဒီ ရဲ့ မျက်စောင်းလှလှက  သူ့ဆီသို့  ရောက်လာလေသည်။

"ကိုယ့်  ချစ်ကတော့ကွာ  ကဲပါ အဲ့ဒါတွေ နောက်မှပြော  အခုတော့ ချစ်လေး နားတော့ ပင်ပန်းနေပြီ"

"ဟုတ် ကိုကို  အာကြောင့်  ကိုကို  ကို ချစ်တာ  မွမွ"

နဒီ  ခြေဖျားလေး ထောက်ကာ  သူကို  နမ်းလိုက်လေသည်။ ဒါကိုပင် သူက ချစ်ရည်လဲ့သော မျက်ဝန်းများဖြင့် သူမကို ချစ်မဝစွာငေးကြည့်ရင်း

"မိချွဲ  ကဲပိုလေး  "

သူတို့နှစ်ဦးကတော့  ကြည်နူးပြုံးပျော်နေသည်က နှစ်ယောက်တစ်ကမ္ဘာထင်နေလေသလား မသိ။

သူတို့ကို  အဝေးမှ မြင်နေရသူ  ကြာရိပ်ကတော့  ရင်ထဲမှာ အောင့်သက်သက်ခံစားလိုက်ရလေသည်။
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

"ကိုကို  နဒီ  အတွက်  အလုပ်သမား ခေါ်ထားတယ်ဆို"

"ဟုတ်တယ်  ခဏလေး  ကိုယ့် ခေါ်ပေးမယ်"

သူ  ဒေါ်မြိုင်ကို  ကြာရိပ် အား  ခေါ်ခိုင်းလိုက်လေသည်။

ကြာရိပ်  ရောက်လာလေသောအခါ

"ကဲ နဒီ  ဒါက နဒီ အတွက်  ကိုယ့်ရဲ့  လက်ဆောင်ပဲ   သူကို  နဒီ ကြိုက်တာ ခိုင်းလို့ရတယ်  ကြာရိပ်ဖြူ  ဒါ မင်းရဲ့ သခင် အသစ်ပဲ"

နဒီ  က  ကြာရိပ် အား  ခြေဆုံး ခေါင်းဖျား ကြည့်လိုက်ပြီး

"ဘယ်ဆိုးလို့လဲ  အချောလေးပဲ  ကိုကို ကတော့  နဒီ အနားမှာ မရှိတုန်း    ခပ်ချောချောလေး  အပိုင်ခေါ်ထားတာပေါ့  ဟုတ်လား"

အမုန်းမီးလေးငြိမ်းပေးပါWhere stories live. Discover now