Pt-2

13 3 22
                                    

Unicode

"မေမေ!!သားသားတို့နွား ကလေးလေးမွေးထားတယ်"

"ဟေ!သားငယ် အမေတို့နွားက အထီးကြီးလေ"

                  မိခင်ဟာ ကလေးဖြစ်သူရဲ့စကားကြောင့် အံ့သြကြီးစွာနှင့် စူးစမ်းလိုချင်စိတ်ဖြင့်အဝတ်လျှော်နေသည်ကိုပင် ရပ်လိုက်ကာ နွားတင်းကုပ်ရှိရာဘက်သို့ ခပ်ဖြည်းဖြည်းလေး ဦးတည်ကာလျှောက်သွားလိုက်ချေတော့သည်။

"ဟင်..."

                  သူမမြင်တွေ့လိုက်ရသည်က ကောက်
ရိုးပုံလေးပေါ်တွင် ခွေခွေလေးအိပ်ပျော်နေဟန်ရသည့် ဆံနွယ်ငွေဖြူရောင်လေးနှင့် လူငယ်လေးတစ်ယောက်ကိုသာ။ဆံပင်ပုံစံနှင့်အတူ ဝတ်စာဆင်ယင်မှုတွေကို သုံးသပ်ကြည့်ရင်း ဒါဟာ သူတို့ ရွာအတွင်းမှလူမဟုတ်ကြောင်း သဘော
ပေါက်လိုက်မိချေတော့သည်။သွေးစလေးတွေ စို့နေသည့် ခြေဖဝါးနုနုလေးနှင့်အတူ ဖြူစုတ်နေသည့် အသားအရည်ပိုင်ရှင် ထိုကလေးငယ်ဟာ မိန်းကလေးလား ယောက်ျားလေးလား အခုထိပင်ခွဲခြားမရမိပေ။သူရပ်ကြည့်ကာ ခွဲခြမ်းစိတ်ဖြာနေလို့မှပင်မဆုံးသေး လှုပ်လှုပ်ရွရွဖြင့် နိုးထလာပါသော ရှေ့ရှိ ကလေးငယ်လေး။

"ဘယ် ဘယ်သူတွေလဲ"

"ဒါက အန်တီတို့ ကလေးကိုမေးရမှာပါကွယ် မင်းကဘယ်ကလဲ ဘယ်သူလဲ ဒီနယ်မြေကတော့မဖြစ်နိုင်ဘူး"

                    ခရိုမာနီတစ်ယောက် နိုးနိုးချင်းမြင်တွေ့လိုက်ရပါသော ခပ်စိမ်းစိမ်းမိန်းမကြီးနှင့်အတူ ကလေးလေးတစ်ယောက်ကြောင့် သူကြောက်အားလန့်အားဖြင့် ထောင့်တစ်နေရာသို့ ပြေးကပ်လိုက်မိချေတော့သည်။ညက ပြေးရင်း လွှားရင်းဖြင့် ဒီနေရာကို ဘယ်လို ဘယ်ပုံရောက်လာမိမှန်းကိုမသိပါတော့ချေ။ကိုယ့်သေတွင်း ကိုယ်တူးလိုက်ပြီဟု သိသိပြီးချင်းအဆုံး ခရိုမာနီတစ်ယောက် စိတ်ဓာတ်အကြီး
အကျယ် ကျမိချေတော့လေသည်။

"ကျုပ်ကို သတ်ရင်သတ်လိုက်ပါတော့"

"ဟေ အဟားဟား"

                   သူ၏ပြောစကားအား မထင်မှတ်ထားသည့်ပုံစံဖြင့် တုံ့ပြန်လာတော့ ခရိုမာနီတစ်ယောက် ကြောင်အမ်းအမ်းလေးပင်ဖြစ်လို့သွားသည်မှာ အမှန်ပင်ဖြစ်လေရဲ့။ဝက်ဝက်ကွဲ ရယ်ချလာသည့် ရှေ့ရှိ မိန်းမကြီးကြောင့် ဘေးတွင်ရပ်နေပါသော သူမ၏ကလေးပင် တစ်ကိုယ်လုံးတုန်တက်သွားသည့် အဖြစ်ပင်။

"My Immortal"Where stories live. Discover now