Final

440 15 34
                                    

Unicode

"တစ်ခုခု ထူးဆန်းနေတယ်..."

              "ရီးနော့ဗ်"ရွာထဲသို့ ဝင်ဝင်ချင်း ထွက်ပေါ်လာပါသော ဘဝင်မကျဟန်စကားသံတစ်ခုဟာ အလတ်စကာထံမှ ပြန့်လွင့်လာချင်းဖြစ်ပေသည်။အလတ်စကာ၏ ပြောကြားချက်​ကြောင့် ဘေးဘီဝန်းကျင်အား ဝေ့ဝိုက်ကြည့်မိတော့ ခရိုမာနီ တန်း၍ သတိထားမိလိုက်သည့် အရာတစ်ခုက လမ်းသွယ်ထက်ဝယ် လူတစ်ဦးတစ်ယောက်မှ ရှိမနေချင်းဖြစ်လေတော့သည်။

သူပထမရောက်စတွင် ညဥ့်နက်သန်းခေါင်ထိတိုင် သိပ်စည်ကားလှသည့် ဒီရွာလေးဟာ ယခုတွင်တော့ ညနေပင်စောင်းစမပြုသေး လူပြတ်လို့နေလေရဲ့။စိတ်ထဲတွင် စနိုးစနောင့်ဖြစ်လာမှုနှင့်အတူ သူအလတ်စကာအား လှည့်ကြည့်လိုက်မိတော့ မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်တွန့်ချိုးထားရင်း မျက်နှာထက်ဝယ် ဘဝင်မကျဟန်အမူအယာပေါ်လွင်နေသည့် အလတ်စကာဆိုသူအား အထင်းသားမြင်တွေ့လိုက်ရတော့သည့် အဖြစ်ပင်။

"ကိုယ် ဒီအခြေအနေကြီးကို မနှစ်သက်ဘူး အိမ်ကို မြန်မြန်ရောက်မှဖြစ်မယ်"

"အင်း အလတ်စကာ နီးနေပြီမလား"

               သူ၏အမေးအား ပြန်ဖြေကြားဖို့ရန်ပင် မအား အိမ်သို့ပြန်ရောက်ရေးအတွက် အသည်း
အသန် မြင်းအား မောင်းနှင်လိုက်ပါသော အ
လတ်စကာကြောင့် ခရိုမာနီမှာပြုတ်မကျစေဖို့ရန်  ထိုင်ခုံဘေးတန်းတို့ကိုပင် အမိအရဖမ်းကိုင်လိုက်ရချေတော့သည်။

ယခုအချိန်တွင် တစ်စုံတစ်ခုအပေါ်၌ မည်မျှစိုးရိမ်ထိတ်လန့်နေကြောင်းကို သီနေအောင် ခိုတွဲနေသည့် အလတ်စကာ၏ မျက်နှာထက်မှ ဇောချွေးတွေဟာ သက်သေပြုလို့ပင် နေလေရဲ့။ခရိုမာနီပင် ဘာစကားမှထပ်မထွက်နိုင်တော့ဘဲ စိတ်ထဲတွင် အမည်မသိသော စိုးရိမ်ထိတ်လန့်မှုနှင့်သာ ရင်ဆိုင်နေရတော့သည့် အဖြစ်ပင်။

                လျင်မြန်လှသည့် မောင်းနှင်မှုနှင့်အတူ တစ်စတစ်စ နီးကပ်လာပါသော အလတ်စကာ၏ အိမ်ငယ်လေး။ထို့အပြင် မာနီတာတို့ရှိရာ အိမ်ငယ်လေးနှင့်နီးလေလေ လူတစ်ယောက်စ နှစ်ယောက်စကို စမြင်လာရလေဖြစ်ပြီး အိမ်ရှေ့သို့ လုံးလုံးရောက်သည့် အချိန်၌ဝယ် တစ်ရွာလုံးနီးပါးအချိုးအစရှိသည့် များပြားလှစွာသော လူအုပ်ကြီးတစ်ခုကို အလုံးအရင်းမြင်တွေ့လိုက်ရချေတော့သည်။

"My Immortal"Where stories live. Discover now