Unicode
"ခရိုမာနီ ရပြီ ကိုယ့်ကလေး အဝတ်အစားလဲဦးမလား"
သူ့မျက်လုံးအား ကန့်လန့်ကာ စည်းထားသည့် ပုဝါအမည်းစလေးအား အလတ်စကာတစ်ယောက်ဖယ်ပေးတော့ အလုအယက်တိုးဝင်လာကြသည့် ခပ်စူးစူး နေရောင်ခြည်တန်းတို့ ကြောင့် ခရိုမာနီ မျက်လုံးအစုံအား ချက်ခြင်းမဖွင့်နိုင်ခဲ့ပါချေ။ဒါတောင် တစ်ခဏတာမျှ မျက်လုံးလေး စည်းထားရုံသာ။တစ်ဘဝစာများ အမြင်အာရုံဆုံးရှုံးသွားခဲ့လျှင် မည်မျှလောက်ပင် ဆင်းရဲဒုက္ခရောက်လိုက်မည်နည်း။ကိုယ့်အတွေးနှင့်ကိုယ် အာရုံများနေစဥ် ညိုးငယ်နေသည့် သူ့မျက်နှာလေးအား တစ်စိမ့်စိမ့်ထိုင်ကြည့်နေရှာပါသော အလတ်စကာ၏မျက်ဝန်းထဲ၌ စိုးရိမ်မှုတွေ နှင့်အတူ ပူပန်မှုတို့ဟာ အထင်းသား။
"အလတ်စကာ ကျုပ် အဝတ်အစားမလဲချင်တော့ဘူး လဲချင်စိတ်မရှိလို့ပါ"
"ကောင်းပါပြီ အကယ်၍ လဲချင်လာရင် ကိုယ့်ကိုပြောနော် အဆင်ပြေတဲ့နေရာရှာပြီးရပ်ပေးမယ်"
ယခုအပြန်ခရီးစဥ်ဟာ အသွားခရီးလောက် ရွှင်မြူးတက်ကြွနေချင်းအလျဥ်းရှိမနေ ပါချေ။တစ်ချို့အချိန်များတွင်မူ အလတ်စကာနှင့် သူ၏ကြားထဲ၌ပင် ပြောစရာစကားတို့ပျောက်
ရှ ကုန်၍ တိတ်ဆိတ်နေမိကြသည့် အချိန်တွေမှာ လည်း ဒုနှင့်ဒေးပင်ဖြစ်ချေတော့သည်။တစ်ရစ်ရစ်လှိုက်လှိုက် တက်လာတတ်သည့် ဝမ်းနည်းမှုတွေကြား ခရိုမာနီတစ်ယောက် ချုပ်တည်းထားတာတွေကိုပင် လွှတ်ချလိုက်ရင်း ချုံးပွဲချ ငိုချလိုက်ချင်တော့သည့်အဖြစ်သာ။သူ၏ စက္ကန့်မလပ် အတတ်အကျဖြစ်နေသည့် စိတ်အစုံနှင့်အတူ ပြောင်းလဲနေသည့် မျက်
နှာအမူအရာတို့အား အသေးစိတ်ကျကျ သတိ
ထားမိဟန်ရသည့် အလတ်စကာဟာ ခရိုမာနီ၏ လက်လေးအား ခပ်တင်းတင်းလေးဆုပ်ကိုင်ရင်း အနွေးထွေးဆုံး အပြုံးတစ်ပွင့်ဖြင့် အားတင်းထားဖို့ရန် အရိပ်အမြွက်ပြလာချေတော့သည်။"အလတ်စကာ ကျေးဇူးပါ"
လေတိုးရုံမျှသာ ခပ်တိုးတိုးလေးဆိုလိုက်မိသည့် သူ့စကားသံလေးအား ကြားဖြစ်အောင် ကြားသွားသေးပါသော အလတ်စကာတစ်ယောက် သူ့လက်အားဆုပ်ကိုင်ပေးထား
သည်မှတစ်ဆင့် ခေါင်းအားခပ်ဖွဖွလေးပုတ်လာပေးတော့သည်။သူ ဒီလူဘေးတွင် နေထိုင်ရတာ သိပ်ကိုမှသက်သောင့်သက်သာရှိလှပြီး လုံခြုံမှုကိုပင် အပြည့်အဝခံစားရချေသည်။မိဘတစ်ဦးလို မျက်စိဒေါက်ထောက်ကြည့်ရင်း ကာကွယ်ပေးမှုတွေနှင့်အတူ ရှေ့မှမားမားမတ်မတ် ရပ်
တည်ပေးမှုတို့ကြောင့် သူအလတ်စကာအပေါ် အပြစ်မမြင်နိုင်ခဲ့ပါပေ။

YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...