Pt-3

7 3 14
                                    

Unicode

"တယ် ဒီကောင်လေး သူစိမ်းရှိရင် ထမင်းလာမစားတဲ့အကျင့်ကိုအခုထိမဖျောက်ဘူး"

                  မာနီတာ၏ ခပ်ထေ့ထေ့စကားသံကိုကြားရတော့ ဘာမဆိုင်ညာမဆိုင် ခရိုမာနီမှာ အားနာစိတ်လေးဝင်လာမိပေတော့သည်။သူရှိတာကြောင့် အလတ်စကာဆိုသူဟာ ညစာထမင်းစားဝိုင်းတွင် လက်ဆုံမစားတာ ၅ရက်နီးပါးလောက် ရှိလို့နေလေပြီထင်။မာနီတာဟာ သူနှင့်ပက်သတ်သည့် အကြောင်းအရာမှန်သမျှကို စိတ်မဝင်စားသည့်ဟန် တစ်စက်တစ်လေလေးမျှမမေးသည့်အပြင် အိမ်ပေါ်တွင် အသားလွတ်ပင် တင်ကာ ကျွေးမွေးပြုစုပေးချေသေးသည်။ထိုမျှလောက် စိတ်သဘောထားပြည့်ဝသူကို ဒီသေမျိုး မျိုးနွယ်စုထဲတွင် မြင်တွေ့ရဖူးလိမ့်မည်ဟု တစ်ခါမှပင် မတွေးထင်ခဲ့မိပါချေ။

"ဟို အဒေါ်မာနီတာ ကျုပ်သွားပေးပေးရမလား"

"ကူညီပါဦး ငါ့သားရယ်"

                  ထိုသို့ဖြင့် ရှေ့ရှိ မာနီတာလက်ထဲမှ ထမင်းပန်းကန်လေးနှင့် ဟင်းပန်းကန်လေးကို ကြွေဗန်းလေးပေါ်တွင် စီစီရီရီလေးတင်လိုက်ပြီးနောက် အပေါ်ထပ် အလတ်စကာ အခန်းရှိရာသို့ တက်လာလိုက်ပေတော့သည်။

ဒေါက်*ဒေါက်*

"ဘယ်သူလဲ"

"ခရိုမာနီပါ"

                    ခရိုမာနီတံခါးခေါက်ပြီးနောက် ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာပါသော ခပ်သြသြ အသံကြီးကြောင့် သူ့တစ်ကိုယ်လုံးတုန်ကတည်း ဖြစ်သွားမိတာတော့ ဝန်ခံရလိမ့်မည်ထင်။အတန်
ကြာသည်အထိ ရပ်နေသည့်တိုင် အခန်းတံခါးဟာ ပွင့်ဟမလာခဲ့ပါချေ။နောက်ဆုံးသူလက်
လျော့ကာ လှည့်ထွက်မည်အပြု အခန်းတံခါးဟာ ကြမ်းတမ်းစွာပွင့်ဟလာရင်း ခရိုမာနီ၏ လည်ဂုတ်အား ​တင်းကြပ်စွာဖိကိုင်လာသည့် လက်တစ်စုံနှင့်အတူ အခန်းအတွင်းသို့ သွပ်သွင်းခြင်းခံလိုက်ရပါသော ခရိုမာနီ။လက်ထဲမှ ဗန်းလေးဟာ ကြောက်ခမန်းလိလိဖြင့် ကြမ်းပြင်ပေါ်သို့ မရှုမလှနှင့်ပင် သက်ဆင်းလို့သွားပါတော့ချေသည်။သူ့အား နံရံတွင် အားအပြည့်ဖြင့်ဖိကပ် ထားရင်း လည်ဂုတ်တွင်ကိုင်ထားပါသော အလတ်စကာ၏ လက်အစုံဟာ သူ၏လည်ပင်းထက်သို့ ရန်ရှာလို့လာပေတော့ချေသည်။လက်ကတည်းမြင်လိုက်ရပါသော အရာတစ်ခုကြောင့် သူစိုးရိမ်ကြီးစွာကြည့်လိုက်မိတော့ ဓားတစ်လက်ဟာ အလတ်စကာ၏ ဘယ်ဘက်လက်ထဲ၌ဝယ် လှလှပပဆုပ်ကိုင်ထားခြင်းခံထားရပေရဲ့။ညာဘက်လက်ဟာ သူ့လည်ပင်အား တင်းကြပ်စွာဖိညစ်ရင်း တစ်ဖက်က ဓားနှင့်ရွယ်ထားသည့်အခြေအနေပင်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

"My Immortal"Where stories live. Discover now