Unicode
"ခရိုမာနီ...ခရိုမာနီ ဟိတ်ကောင်လေး ထဦး"
ခရိုမာနီတစ်ယောက် အိပ်မောကျနေစဥ် အတင်းလှုပ်ကာ ခပ်တိုးတိုးလေးနှိုးလာပါသော လက်တစ်စုံကြောင့် သူ မထချင်ထချင်ဖြင့် ထလိုက်ရတော့သည့်အဖြစ်။မျက်လုံးမပွင့်တပွင့် ဖြစ်နေချိန် သူ၏မျက်နှာချင်းဆိုင်တည့်တည့်တွင် ခပ်ဝါးဝါးမြင်တွေ့လိုက်ရသည်က သူ့အားပြုံးကာ စိုက်ကြည့်နေပါသော အလတ်စကာကိုပင်။
"အလတ်စကာ...ဘာလို့နှိုးတာလည်းဗျာ ကျုပ်အိပ်လို့ကောင်းနေတာဗျ"
"ခဏ ထပါဦး အိပ်ပုတ်လေးရဲ့ ကိုယ်တို့အခု စတော်ဘယ်ရီခင်းရှေ့မှာ ဝင်ခိုးရအောင်"
"အမ် ဗျ...ဗျာ ခင်ဗျား စောစောစီးစီး"
"ကိုယ်တော့ဒီနားရောက်တိုင်း လှည်းရပ်ပြီးဝင်ခိုးနေကြပဲ...ခိုးတယ်ဆိုတာထက် ယူတာပါ ဒီခြံကို ဘယ်သူမှမပိုင်ဘူးလေ...ဒီနားတစ်ဝိုက်မှာနေတဲ့ သူအချို့က ဂရုစိုက်ထားပုံရတယ်"
အလတ်စကာ၏ ယခုကဲ့သို့ ကလေးဆန်ဆန်အတွေးလေးနှင့်အတူ တက်ကြွနေပုံကိုမြင်ရတော့ ခရိုမာနီမှာ အိမ်မက်ပင်မက်နေသည်ဟု ထင်မိလောက်သည်အထိ အံ့သြနေရသည့်အဖြစ်ပင်။ရှေ့ရှိ အလတ်စကာဟာတော့ စတော်ဘယ်ရီခင်းထဲသို့ ဆင်းဖို့ရန် စောစောစီးစီး အတော့်ကိုတက်ကြွနေလို့သာ။နောက်ဆုံး သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံထားပါသော စောင်ပါးလေးကို ဘေးသို့ ပုံချလိုက်ရင်း လှည်းပေါ်မှ ဖြေညှင်းစွာ ဆင်းလိုက်ပေတော့သည်။
"ဟင်...လှ လှလိုက်တာ"
ရှေ့ရှိ စုတ်ချက်၊ကာရံညီမျှလှသော မြင်ကွင်းကြောင့် ခရိုမာနီအံ့သြသင့်စွာ အသံ
ထွက်ရေရွတ်လိုက်မိခြင်းပေ။မနက်ခင်း ဝေလီ
ဝေလင်းတွင် ကျရောက်တတ်ပါသော မြူဆိုင်တွေနှင့်အတူ ရောထွေးနေပါသော ရှေ့ရှိ စတော်ဘယ်ရီခင်း။စတော်ဘယ်ရီခင်းဆိုလို့ သူတို့နေရပ်တွင်စိုက်ပျိုးသကဲ့သို့ ခပ်သေးသေးမြေကွက်လေးဟု တွေးထင်မိသော်ငြား အမြင်နှင့်အတွေးဟာကွဲလွဲစွာ။ခြံတစ်ဝန်းစာလောက်ရှိသည့်အပြင် အနံအတော်ရှည်သည့် ဒီ စတော်ဘယ်ရီခင်းကြီးမှာ သူ့အဖို့ သိပ်ကိုမှ ရင်သပ်ရှုမောဖွယ်ကောင်းလှချေသည်။

YOU ARE READING
"My Immortal"
FantasiUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...