Unicode
"ဒါ ဘယ်လဲ အလတ်စကာ"
"ခရိုမာနီကို ဒီနားတစ်ဝိုက်လိုက်ပြရင်း အဝတ်
စား တစ်စုံ၊နှစ်စုံလောက်ဝယ်ပေးမလားလို့ပါ""ကောင်းတယ် ကောင်းတယ် သား အော် အပြန်ကျ တစေးမှိုဝယ်ခဲ့ပါဦးကွယ် အမေပေါင်မုန့်လုပ်ဖို့ လိုနေလို့"
"ဟုတ် ကျွန်တော် ဝယ်ခဲ့မယ်နော်"
ခရိုမာနီတစ်ယောက် သူ၏ရှည်လျားလှသော ဆံနွယ်တို့အား နှစ်ဖက်ခွဲကာ သပ်သပ်ရပ်ရပ်လေး ဆံထုံးထုံးထားရင်း အပြင်သွားဖို့ရန် အရန်သင့်ဖြစ်နေချေတော့သည်။အလတ်စကာအား သူအပြည့်အဝမယုံကြည်နိုင်သေးသော်ငြား ယခုလက်ရှိတွင် အသစ်အစမ်းတို့ကို စူးစမ်းဖို့ရန် အတော့်ကို စိတ်လှုပ်ရှားနေမိတာလည်း သူသာ ဖြစ်ပေတော့လေသည်။
"လာလေ ခရိုမာနီ"
"အွန်း'
အလတ်စကာ၏ လက်ယက်ခေါ်ယူမှုနောက် သူကပ်ကပ်ပါအောင် အပြေးသွားလိုက်မိပေတော့သည်။ယခုအချိန်တွင် ကလေးတစ်ယောက်နှယ် ဖြူစင်၊တက်ကြွလွန်းသည့် ခရိုမာနီအား တစ်ချက်ငေးကတည်းဖြစ်သွားမိသော အလတ်စကာ၏ မျက်ဝန်းတစ်စုံကိုတော့ သူမြင်တွေ့လိုက်ဖို့ရန် အခွင့်မသာခဲ့ပါချေ။
ထိုသို့ဖြင့် အလတ်စကာ၏ ဦးဆောင်မှုဖြင့် ခရိုမာနီတစ်ယောက် ခပ်စိမ်းစိမ်းရပ်ဝန်း
အတွင်း လှည့်ပတ်အလည်ပြုဖို့ရန်အကြောင်းဖန်လာတော့ပေသည်။"အလတ်စကာ..."
"ပြော..."
ခရိုမာနီအခေါ်အား ခပ်ပြတ်ပြတ် တုံး
တိတိဖြေချလာသော အလတ်စကာ၏အသံကြောင့် သူတစ်ချက် စောင်းငဲ့ကာကြည့်လိုက်မိပေတော့သည်။သူမေးချင်မိသည်က အိမ်လေးတွေ တစ်ခုနှင့်တစ်ခု ပူးကပ်နေကြတော့ ဒေသခံတွေ နေရထိုင်ရတာ အသက်ရှူမကြပ်ကြဘူးလားဆိုသည့်အချက်ကိုပင်။သူတို့နေရာမှာဆိုလျှင် ဘေးချင်းကပ်ဆိုတာတောင် အနည်းဆုံး ခြေလှမ်း ၁၀လှမ်းကျော်ကျော်လောက် လှမ်းကြရချေသည်။အခုဟာက တစ်အိမ်ကထွက်လျှင်ပင် တစ်အိမ်သို့ ရောက်နေပြီဖြစ်လေရဲ့။
YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...