Pt-9

183 14 17
                                    

Unicode

           ဒီနေ့နှင့်ဆို သူတို့ခရီးနှင်လာကြသည်မှာ
၄ရက်မြောက်နေ့ပင် ရှိလို့နေပြီဖြစ်ချေသည်။အ
လတ်စကာ၏ ပြောကြားချက်အရ မကြာမီတွင် မြို့ဝင်ပေါက်အနားသို့ ရောက်တော့မည်ဆိုတာ သူသိနှင့်ပြီးဖြစ်လေရဲ့။ထို့အပြင် မြို့ဝင်ဂိတ်စောင့်တို့ကိုပါ လှည့်စားရန် အတွက် အသင့်ပြင်ဆင်လာသည့် သူတို့၏ နည်းဗျူဟာကို ထုတ်သုံးရတော့မည်ဖြစ်ပေသည်။ဒါကြောင့် ယခုတွင်မူ လမ်း၏ထောင့်ကျကျ အပင်များသည့်နေရာတွင် ကုန်တင်လှည်းလေးအား ထိုးရပ်ထားကာ ခရိုမာနီအား အပင်တွေ၏နောက်ဝယ် အဝတ်အစားလဲစေချေသည်။

"ခရိုမာနီ ရရဲ့လား ဝတ်လို့"

"အွန်း နည်းနည်းနေရထိုင်ရခက်ပေမယ့်"

                   ခရိုမာနီတစ်ယောက် ကိုယ်တွင်ဝတ်ထားပါသော ခြေမျက်စိဖုံး ဂါဝန်လေးအား တစ်ချက်ငုံ့ကြည့်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားမိပေတော့သည်။ယခုတွင်သူဟာ မိန်းမငယ်တစ်ယောက်လိုဝတ်စား၍ အလတ်စကာ၏ မိန်း
မနေရာမှ သရုပ်ဆောင်ရမည့်အဖြစ်ပင်။ဦးလေးဖရီဇာထံတွင် ဂါဝန်သစ်ဝင်ဝယ်ရသည့် အ
လတ်စကာ၏စိတ်ကူးအား အခုမှသဘောပေါက်မိတော့သည့် အဖြစ်။

"လှရက်လိုက်တာ ခရိုမာနီ တကယ့်မိန်းမပျိုတစ်ဦးနဲ့ တူလှချေရဲ့...ကိုယ့်နားလာပါဦး"

                   အလတ်စကာ၏ လက်ယက်ခေါ်ယူမှုအဆုံး ခရိုမာနီတစ်ယောက် ဂါဝန်ပါးလေးကိုပင် မနိုင်းမနင်းမကာ ထိုသူအနားသို့ သွားလိုက်မိပေတော့သည်။ရုတ်ချည်းဆိုသလို ခရိုမာနီကိုပင် အသိပေးစကားမပြောဘဲ ထုံးထားသည့် သူ၏ဆံ
နွယ်တို့အား ဖြေချလိုက်ပါသော အလတ်စကာ။
ဝဲကာပြန့်ကျဲ၍ ကျသွားပါသော ခရိုမာနီ၏ ဆံ
နွယ်တို့အား အမြတ်တနိုးထိကိုင်ရင်း သဘောကျစွာ သူနမ်းရှုံ့ချေသည်။

အလတ်စကာ၏ မထိတထိအပြုအမူတို့ကြား ခရိုမာနီ၏စိတ်အစုံတို့မှာ ရုန်းထွက်သည့်တိုင် ပို​တိုး၍ နစ်ဝင်သွားစမြဲ ဖြစ်နေပေတော့သည်။အသိစိတ်က တားမြစ်ပိတ်ပင် နေသော်ငြား မသိစိတ်က တွယ်တာဖို့ တွန်းအားပေးနေချေလေရဲ့။

"My Immortal"Where stories live. Discover now