Unicode
ယနေ့ဟာ ပွဲတော်နေ့ဖြစ်သည်မလို့ လမ်းမထက်ဝယ် လူတွေဖြင့် ရှုပ်ရှက်ခပ်ကာနေပေတော့သည်။ခရိုမာနီ ပထမရောက်စမြင်တုန်းကထက် ပို၍ဆိုးလှသည့်အခြေအနေပင်။မဟုတ်မှ...ဒင်းတို့ဟာ မသေမျိုး မျိုးနွယ်စုဟု သိထားတာကြောင့် ပို၍စူးစမ်းချင်စိတ်များနေကြသည်များလား။
ဖြိုးဖြိုးဖျတ်ဖျတ်တောက်ပနေကျသည့် အဝတ်အစားတွေကို ကျကျနနဝတ်ဆင်ထားကြသည့် အမျိုးသားတွေနှင့်အတူ အမျိုးသမီးကြီးတွေမှာလည်းသူထက်ငါအပြိုင် အလှအပကို ခြယ်သထားကြပေတော့သည်။မသိရင် မကြာခင်ကျင်းပတော့မည့် သတို့သမီးသစ်တင်မြောက်ပွဲဟာ သူတို့နှင့်ပင် သက်ဆိုင်နေကြသလိုလို။
အလတ်စကာဟာ သာမာန် ပေါ့ပေါ့ပါးပါးအဝတ်အစားကိုဝတ်ဆင်ထားပြီး အပေါ်မှ ခြုံထည်ခပ်ကြီးကြီးကို လွှမ်းခြုံထားသေးသည်။ခရိုမာနီမှာလည်း ထိုနည်းလည်းကောင်းပင်။
ထိုခြုံလွှာကြီးကိုရုံထားရသည်မှာ အခြားမဟုတ် သူတို့ရုပ်တွေအား အစောင့်အကြပ်များ တန်းသတိမထားမိစေရန် အတွက်ဖြစ်ချေသည်။"ခရိုမာနီ ကိုယ်ပြောမယ် ရှေ့ဆုံးက အကြီးအကဲမှူးမတ်ကို ကိုယ်ပစ်မှတ်ထားထားတယ် သူတစ်
ခုခုဖြစ်ရင် နောက်လိုက်တွေတင်မကဘူး လူအုပ်ကြီးပါ သူ့ဆီကိုအာရုံရောက်သွားမှာ အဲ့အချိန်ကျရင် ကိုယ့်ကလေးက ဒုတိယအပိုင်းကိုတာဝန်ယူရမယ်နော် မျက်နှာကို ဒါနဲ့ဖုံးထား လုံးဝမပေါ်စေနဲ့""အလတ်စကာ...ကျုပ်စိတ်ပူတယ် ခင်ဗျားကို"
"ဆုံးဖြတ်ချက်ချပြီးရင် ဘာရလဒ်နေနေ ကိုယ်ရအောင် ရင်ဆိုင်ရဲတယ်...ခရိုမာနီ သန်မာပေးပါ"
အလတ်စကာဟာ သူ့မျက်နှာအား မပေါ်စေရန် ပုဝါစအဖြူဖြင့်တွဲကာ ကပ်ချုပ်ထားသည့် ခမောက်အား သူ့ဦးခေါင်းထက်ဝယ် ဝတ်
ဆင်စေချေသည်။တစ်မျက်နှာလုံးအား လွှမ်းအုပ်သွားသည့် ပုဝါစကြောင့် အသက်ရှူကြပ်သလိုခံစားလာရသည့်တိုင် သူသည်းခံမှဖြစ်လိမ့်မည်။
ထို့နောက် အားလုံးအဆင်သင့်ဖြစ်သည့်နောက် အလတ်စကာဟာ သူ့လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ဧည့်ကြိုအဆောင်မှ စတင်ထွက်ခွာလိုက်ကြတော့သည်။
YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...