Pt-7

212 15 19
                                    

Unicode

"အလတ်စကာ တစ်နေရာမှာ ခဏတဖြုတ်လောက်ဖြစ်ဖြစ် နားကျရအောင်လား"

"အင်း ကိုယ်အရိပ်ရမယ့်တစ်နေရာကို ရှာလိုက်မယ်နော်"

                 ခရီးနှင်လာတာ အချိန် အတော်ကြာနေပြီမလို့ ခရိုမာနီတစ်ယောက် တစ်ကိုယ်လုံးကိုင်ရိုက်ထားခံရသကဲ့သို့ မအီမသာဖြစ်နေမိလေရဲ့။အစပိုင်းတွင်ကြိတ်ခံကာ ရသလောက်နေကြည့်ပေသော်ငြား ယခုကဲ့သို့ လှည်းမျိုးနှင့်တစ်ခါမှ မသွားဖူးတာကတစ်ကြောင်း တစ်မနက်လုံးခရီးနှင်လာတာကတစ်ကြောင်းမလို့ ကျောတွေပါတောင့်လာသလို ခံစားလာရခြင်းဖြစ်ပေသည်။မရတော့သည့်အဆုံး အလတ်စကာအား နားဖို့ရန်လှည့်ပြောလိုက်ရခြင်းသာ။

                   ခရိုမာနီ၏ စကားအားကြားတော့ မရှေးမနှောင်းပင် အရိပ်ရသည့်သစ်ပင်ကြီးတစ်ခုဘေးနားသို့ လှည်းလေးအားထိုးရပ်ချပေးလေတော့သည်။ထို့နောက် အလတ်စကာဆိုသူဟာ ဦးစွာလှည်းပေါ်မှ ခုန်ဆင်းလိုက်ရင်း ခရိုမာနီရှိရာဘက်သို့ အပြေးလာကာ သူ၏ခါးတစ်ဝက်မှ ပင့်တင်မပေးလာရင်း မြေကြီးပေါ်သို့သက်ဆင်းစေချေသည်။

"ကျေးဇူးပါ အလတ်စကာ"

"မလိုပါဘူးဗျာ"

                     အလတ်စကာဆိုသူဟာ သူ့ခေါင်းလေးအား ခပ်ဖွဖွပုတ်ပေးရင်း ပြုံးပြလာပေရဲ့။ထို့နောက် အနောက်ဘက်ရှိ လှည်းအတွင်းမှ ထည့်ယူလာပုံရပါသော ပိတ်စခပ်ကြီးကြီးအား ဘေးရှိမြက်ခင်းပေါ်တွင် ခင်းချလာပေးတော့
သည်။ကုန်သည်ပီပီ အရာအားလုံးကို မလစ်ဟင်းရအောင် သယ်ပိုးတတ်သော အလတ်စကာဟာ သိပ်ကိုမှအားကိုးချင်စဖွယ်အတိ။

                         ထိုသို့ဖြင့် ဖြန့်ခင်းထားပါသော ရှေ့ရှိ ပိတ်စကြီးပေါ်၌ သူတို့နှစ်ယောက်သား ဝင်ထိုင်လိုက်ကြရင်း ခရိုမာနီဘက်မှ သိချင်နေသည့် မေးခွန်းတစ်ခုအား မေးဖို့ရန်ဟန်ပြင်လိုက်ချေတော့သည်။

"အာ ဒါနဲ့ ကျုပ်ကို ဘယ်လိုသဘောကျသွားတာလဲ အလတ်စကာ"

"ပွင့်ပွင့်လင်းလင်းနဲ့ဘုကလန့်တိုက်တာလေးကို သဘောကျတာ"

"My Immortal"Where stories live. Discover now