Unicode
"မေမေတို့ရဲ့ မျိုးနွယ်စုတွေကို ရက်ရက်စက်စက်ဖျက်စီးပစ်ခဲ့ကြတဲ့ မျိုးနွယ်စုတစ်ခုရှိတယ်...သူတို့တွေက သေမျိုးတွေပဲသား...သူတို့တွေနဲ့ ယောင်လို့တောင် အပေါင်းအသင်းမလုပ်ရ
ဘူးနော်...သူတို့နယ်မြေထဲကိုလည်း မှားလို့တောင်ခြေမလှမ်းမိစေနဲ့...သူတို့က လောဘကြီးတယ် ရက်စက်တယ် ဆိုးသွမ်းကြတယ်"မိခင်၏ ဝါဒစကားအချို့ကြောင့် မျက်လုံးပြူး၊မျက်စံပြူးလေးဖြင့် ကြောက်လန့်ဟန် ဖြစ်နေသည့် ၇နှစ်သား ကောင်ငယ်လေးမှာ အရာရာကို လက်ခံနိုင်ဖို့ခဲယဥ်နေသေးဟန်။မျက်တောင်လေးတွေအား ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းဖြင့် မိခင်ဖြစ်သူ၏စကားတို့အား တုံ့ပြန်ချေပခြင်းအလျင်းမရှိ ထိုအတိုင်းမလှုပ်မယှက်လေးသာ နားထောင်လို့နေပေတော့ချေသည်။
ငွေဖြူရောင် ဆံနွယ်နုနုလေးတွေအား ကျစ်ဆံမြီး လေးကျစ်ထားရင်း ဖြူဖြူသေးသေး လုံးလုံးပုပုကိုယ်ဟန်လေးပိုင်ဆိုင်ထားသည့် ဒီကလေးငယ်ဟာ မြင်သူတို့အဖို့ ချစ်စဖွယ်အတိနှင့်ပြည့်စုံလို့နေပါတော့သည်။သစ်စိမ်းရောင်တောက်နေသည့် သူ၏ မျက်ဆံစိမ်းနုနုလေးတွေဟာဖြင့် လည်း တစ်ပါးသူတွေနှင့် အသွင်မတူကွဲပြားအောင် မွေးရာပါ ဘုရားပေးလက်ဆောင်တစ်ခုအနေဖြင့် ပိုင်ဆိုင်ခဲ့ရချေတော့သည်။
ထို့အပြင် ဒီမျက်လုံးစိမ်းတွေဟာ သူတို့မျိုးနွယ်စုမှာတောင် ၁၀ယောက်မွေးလျှင် ၁ယောက်မှာတောင် ပါချင်မှပါလာတတ်ကြသည့် ခပ်ရှားရှားဗီဇတစ်ခုသာ။ဒီမျက်လုံးစိမ်းတွေ၏ ထူးခြားချက်တစ်ခုဟာ သာမာန်မသေမျိုးနွယ်စုတွေထက် သူတို့က ပို၍ပင်စိတ်ဓာတ်ပိုင်း ကြံ့ခိုင်ပြီး ရှင်သန်နိုင်ဖို့ အလာအလားအများဆုံးရှိကြသည်ဆိုသည့် အချက်တစ်ခုပင်တည်း။
သူတို့၏ ဝတ်စားဆင်ယင်မှုမှာလည်း ထူးထူးခြားခြားကြီးရှိမနေပေ။သူတို့ကိုယ်တိုင်ရက်လုပ်ကြသည့် ပါးလွှာအိဖက်နေသည့် ပိုးသားချည်ဝမ်းဆက်လေးတွေကိုသာ လူကြီး၊လူလတ်၊လူငယ်မရွေး ပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်ကြပေသည်။အရောင်အမျိုးမျိုးရှိလှသည့်ကြားမှ အမျိုးသားတွေဟာ အညိုကိုစွဲစွဲလမ်းလမ်းဝတ်စားတတ်ကြပြီး အမျိုးသမီးတွေက ရွှေအိုရောင်ကိုပိုနှစ်ခြိုက်ကြချေသည်။

YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...