Pt-12

231 19 14
                                    

Unicode

"နိုးပြီလား ကိုယ့်ကလေး"

                 ခရိုမာနီတစ်ယောက် အသိစိတ်ကပ်
သည်နှင့်တစ်ပြိုင်နက် အလုအယက်တိုးဝင်လာကြပါသော အဖြစ်အပျက်တွေကြား သူရူးမတတ်ခံစားနေရမိတော့သည်။အမြင်အာရုံတွင် ခပ်စိမ်းစိမ်းဖြစ်နေသည့် သစ်သားမျက်နှာကြပ်လေးအား
သူအသက်မပါစွာ ခပ်တွေတွေလေးစိုက်ကြည့်နေလိုက်ရင်း အတွေးတို့မှာ တောင်စဥ်ရေမရ ပျံ့နှံ့လို့သာ။သူ့အားခေါ်ယူကာ ဂရုတစိုက် အမေးစကားထုတ်နေရှာပါသော အလတ်စကာထံ၌ပင် သူ့အာရုံတို့ဟာမရောက်။

               သူ့မိဘတွေ...ဆုံးပါးသွားပြီဆိုသည့် အဖြစ်အပျက်အပေါ် သူ မယုံကြည်နိုင်သေး။
မသေမျိုးမျိုးနွယ်စုဟု အမည်အပ်ခြင်းခံထားရသည့် သူတို့မှာ ဘဝစဥ်ဆက်တောက်လျောက် သေမျိုးမျိုးနွယ်စုတွေ၏ ဖိနှိပ်ခြင်း အမျိုးမျိုးကို ခါးစည်းကာခံခဲ့ကြရချေသည်။

ဒါဟာ မသေမျိုးမျိုးနွယ်စုဆိုသည့် ဒီခေါင်းစည်းပေါ် ဦးတည်၍ တရားမျှတမှုကင်းမဲ့စွာ သူတို့ခံခဲ့ရခြင်း၌ အဆုံးသတ်မှာ သူတို့ဟာလည်း လူသားတွေနှင့် မတိမ်းမယိမ်းဖြစ်တည်မှုတဲ့လေ။ဒါဖြင့် ဘာကြောင့်များမသေမျိုးဟု အမည်တပ်ခဲ့သေးသနည်း။ထိခိုက်ဒဏ်ရာ မရမှသာ အကောင်းဆုံးရှင်သန်နိုင်မည့် သူတို့ဘဝတွေဟာ တွေးကြည့်လျှင် အစမတန်ပို၍ပင်သနားစရာကောင်းနေသေးသည်မဟုတ်ပါလား။အသက်ရှည်ရုံမျှ၊ကြီးထွားဖွံ့ဖြိုးမှု မတူရုံမျှနှင့် ဘာကြောင့်များ တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခြင်းကို ခံခဲ့ရသည်လည်း...။

"ခရိုမာနီ...ခရိုမာနီ...သတိကပ်ပါဦး"

"ကျုပ်အသားကို မထိစမ်းနဲ့!"

"ခရိုမာနီ ကိုယ်လေ...အလတ်စကာလေကွာ ကိုယ့်ကိုစေ့စေ့ကြည့်ပါဦး"

          အလတ်စကာအား သူအကြောက်အကန် တွန်းဖယ်နေသည့်တိုင် ဒင်းဟာတော့ မဖယ်ပေးသည့်အပြင် ပိုတိုး၍ တင်းကြပ်စွာပွေ့ဖက်လာပေးတော့သည်။အရူးတစ်ယောက်နှယ် အော် ဟစ်ငိုယိုနေသည့် သူ့အား ကြင်နာယုယစွာ သူထွေးပွေ့ရင်း ခရိုမာနီ၏ ကျောပြင်သေးသေးလေးအား ခပ်ဖွဖွလေးပုတ်ပေးလာချေတော့
သည်။ယခုကဲ့သို့ သူလုပ်မိသည်က အလတ်စကာအပေါ် မုန်းတီးစိတ်ကြောင့်မဟုတ်ပါချေ။ထိုသူဟာ သေမျိုးမျိုးနွယ်စုဟု တွေးမိသည်နှင့်ပင် ဒင်း၏ မျိုးနွယ်စုအပေါ်၌ ကြောက်ရွံစိတ်ပျက်မိသောကြောင့်သာတည်း။

"My Immortal"Where stories live. Discover now