Unicode
"အလတ်စကာ"
ခရိုမာနီတစ်ယောက် ညစာစားပြီး၍ လေညှင်းခံဖို့ရန် ခြံဝင်းထဲသို့အထွက် ခြံ၏ထောင့်ကျကျနေရာလေးရှိ ခုံတန်းရှည်လေးပေါ်တွင်ထိုင်ကာ နက်ပြာရောင်သမ်းနေသည့် ကောင်း
ကင်ကြီးအား တစ်မေ့တစ်မောစိုက်ကြည့်နေပါသော အလတ်စကာဆိုသူအား ဦးစွာတွေ့လိုက်ရချေတော့သည်။အလတ်စကာတစ်ယောက် ဒီနေ့တွင် ယမန်နေ့တွေလောက်သိပ်မလန်းသည့်ဟန်။အမြဲလိုလို တကျက်ကျက်ဖြင့် သူ့အားလိုက်ပြောနေတတ်သည့် သူဟာ ယနေ့တွင်တော့ တစ်နေ
ကုန်နီးပါးပင် ငြိမ်နေပေသည်။"အလတ်စကာ..."
သူ၏ပထမခေါ်သံအား ကြားဟန်မရပါသော အလတ်စကာကြောင့် ဒုတိယအကြိမ်တွင်တော့ အသံခပ်ကျယ်ကျယ်နှင့်ခေါ်လိုက်မိပေတော့သည်။သို့မှသာ ခရိုမာနီအား ဖြေးညှင်းစွာ စောင်းငဲ့ကြည့်လာချေလေရဲ့။
ထိုအချိန်တွင် မြင်တွေ့လိုက်ရပါသော အလတ်စကာ၏ မျက်ဝန်းတစ်စုံ။ပင်ပန်းနွမ်းလျနေခြင်းမျိုး မဟုတ်ဘဲ လွမ်းဆွေး ပူလောင်နေသည့်ဟန်။အဓိပ္ပါယ်ဖော်မရလောက်အောင် ပျော်ဝင်နေသည့် သူ့မျက်ဝန်းနက်တစ်စုံအား ခရိုမာနီသတိလက်လွတ်စိုက်ကြည့်နေလိုက်မိပေတော့သည်။
"ခရိုမာနီ"
"အင်း ခင်ဗျားအဆင်ပြေရဲ့လား"
"ဒီနားလာထိုင်ပါဦး ခရိုမာနီ"
နူးညံ့စွာခေါ်ယူမှုနှင့်အတူ အလတ်စကာ၏ မျက်နှာထက် အပြုံးတစ်ပွင့်ဟုမဆိုထိုက်သော ကော့ညွတ်နေသည့်သူ့နှုတ်ခမ်းပါးတစ်စုံကြောင့် ဘာရယ်မဟုတ် ခရိုမာနီပါ တစ်စုံ
တစ်ခုအား ခပ်လွမ်းလွမ်းဖြစ်သွားမိပေတော့သည့် အဖြစ်။"မင်း မနက်ဖြန်ဆိုထွက်သွားတော့မှာမလား"
"အာ အွန်း"
"ခရိုမာနီ သေချာနားထောင်ပေးပါ အခုငါပြောမယ့်စကားကို"
"အင်း ကျုပ်နားထောင်နေပါတယ်"
အလတ်စကာ၏ အသိပေးစကားသံအဆုံး သူခေါင်းငိုက်စိုက်ချလိုက်ရင်း မြေကြီးလေးတွေအား ခြေထိပ်လေးတွေဖြင့် ကလန့်ကာ ဆော့နေလိုက်မိလေတော့သည်။မဟုတ်မှ...
အလတ်စကာ ထိုအရာနှင့်ပက်သတ်၍ စိုးရိမ်ပူပန်နေသည်များလား။သူ့ဆိုအမြဲဘောက်ဆတ်
ဆတ်နှင့်ဆက်ဆံတတ်သည့် သူဟာ ထိုကဲ့သို့ ခံစားမိစရာတော့အကြောင်းမရှိနိုင်ပေ။
YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...