(3.2)အရာအားလုံး စတင်တဲ့နေရာ

258 34 1
                                    

(3.2)အရာအားလုံး စတင်တဲ့နေရာ

ဆရာထွက်သွားတာကို စောင့်ဆိုင်းပြီးနောက် လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ဘေးမှာ ရှိနေတဲ့ ဗိုလ်လောင်းထံမှ သတင်းအချက်အလက်တွေ ရယူနိုင်လောက်တော့မှာမဟုတ်တဲ့အကြောင်းကို နားလည်သဘောပေါက်လိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်မှ ဗိုလ်လောင်းက သူ့ကို တုံးအအပုံစံဖြင့် ထိတ်လန့်စွာကြည့်နေခဲ့တယ်လေ။

သူ ထိုဗိုလ်လောင်းကို ကျေးဇူးတင်စကားပြောနေစဉ်မှာပဲ ခန္ဓာကိုယ်မှကြွက်သားတွေကို ကောင်းစွာတည်ဆောက်ထားတဲ့ လူငယ်တစ်ယောက်က သူ့ရဲ့ဘေးနားမှာ ရုတ်တရက် ခလုတ်တိုက်ပြီး လဲကျသွားလေတယ်။

သူ့ရဲ့ပုံသဏ္ဌာန်အရဆိုရင်တော့ သူ့ကို လူငယ်တစ်ယောက်လို့ခေါ်တာက သိပ်ပြီး မျှတမှုမရှိဘူး။ ထိုဗိုလ်လောင်း ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့အချိန်မှာ သူ့ရဲ့အနီးမှကြမ်းပြင်က သူ့ရဲ့အနီးမှတုန်ခါသွားခဲ့ရပြီး သူပြုတ်ကျတဲ့ အရှိန်ကြောင့် အနီးအနားမှ ဖုန်မှုန့်တွေကလည်း လေထဲသို့ လွင့်ပျံတက်လာခဲ့ကြတယ်။

“...နာလိုက်တာ…ဒါက အရမ်းနာတာပဲ…”

လီကျိုးရှင်း ထိုတစ်ယောက်ရဲ့ အော်ငိုသံကိုကြားလိုက်ရတယ်။ သူ့ရဲ့အသံက ကြမ်းတမ်းနေပေမဲ့ တစ်နည်းနည်းနဲ့  သနားစဖွယ်ကောင်းနေသလိုထင်မြင်ရစေတယ်။ 

ဒါပေမယ့် ဝက်ဝံလိုခန္ဓာကိုယ်ရှိတဲ့ တစ်စုံတစ်ယောက်က အခုလိုငိုကြွေးပြီး ပြောနေတာကိုမြင်နေရတာက မျက်လုံးထဲမှာ နည်းနည်းလောက်တော့ အဆင်မပြေဖြစ်စေတယ်။

"ဟေး ရှုန်းတိ မင်း အဆင်ပြေရဲ့လား"

လီကျိုးရှင်း သူ့ကို ထူပေးလိုက်တယ်။ ထိုလူငယ်က လီကျိုးရှင်းရဲ့အကူအညီဖြင့် ထထိုင်လာပြီး သူ့ရဲ့နှာခေါင်းတွေက နီရဲနေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေက အခုလေးတင် မျက်ရည်တွေကျထားတာကြောင့်ဖြစ်နိုင်တယ်။ လီကျိုးရှင်းကိုကြည့်လာတဲ့သူ့ရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်အလွှာတစ်ခုဖုံးအုပ်နေခဲ့တယ်။

“ဒါက ဘယ်လို အမှိုက်ဆန်တဲ့အာကာသယာဥ်မျိုးလဲ.. လူသွားလမ်းပေါ်မှာ ရေအိုင်တစ်ခုရှိနေသေးတယ်.. ငါက ကံမကောင်းဘဲ အဲဒီအပေါ်ကို ချော်လဲသွားတာ.. ငါ့ရဲ့မျက်နှာကတောင် ရေကွက်ပေါ်ကို တည့်တည့်ကြီးချော်ကျသွားသေးတယ်!"

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now