(2.2) 3Dအရွယ်အစားနဲ့ ပုံစံမျိုး

238 33 0
                                    

(2.2) 3Dအရွယ်အစားနဲ့ ပုံစံမျိုး

လီကျိုးရှင်း ပြန်မဖြေရသေးခင်မှာပဲ ကုဝမ်ချန်က လက်ရှိမှာ အဖိုးဖြစ်သူအနားမှာကပ်ပြီး မကျေမနပ်ညည်းညူနေပြီဖြစ်တဲ့ မိန်းကလေးဆီကိုမော့ကြည့်ကာပြောလာတယ်။

"ငါ  ဒီလိုပြောလိုက်ရင် မင်းအထင်လွဲသွားမလားဆိုတာတော့မသိဘူး၊ ဒါပေမယ့်ငါ ပြောချင်နေတုန်းပဲ ၊ အဲလိုမျိုး ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးက မင်းလိုတစ်စုံတစ်ယောက်အတွက် တကယ်ကို မသင့်တော်ဘူး"

"ဘယ်လိုမျိုးလဲ?"

လီကျိုးရှင်းက သူ့မေးစေ့ကို လက်နှစ်ဖက်ပေါ်မှာတင်ပြီး ကုဝမ်ချန်ဆီကို ကြည့်လိုက်တယ်။

ကုဝမ်ချန်က အမှုမထားဟန်ဖြင့်ပြောလာတယ်။

"ဟီးရိုးရဲ့အနောက်က  အမျိုးသမီးတွေက ဒီလိုလှည့်ကွက်ဟောင်းတွေဆီမှာ ဘယ်တော့မှ မကျရှုံးသင့်ဘူး၊ ငါ အခု လုပ်ခဲ့တာဆိုလို သူမကို လဲကျမသွားအောင် ထိန်းပေးလိုက်ရုံပဲရှိတာ ဒါပေမယ့် သူမက ငါ့ကို  လူကောင်းတစ်ယောက်လို့ တွေးနေပြီ"

သူ့ရဲ့လက်ချောင်းတွေကို ရေထဲသို့နှစ်လိုက်ပြီး ထိုလက်နဲ့ ဖန်သားစားပွဲပေါ်သို့ မျဉ်းကြောင်းတွေအများကြီးကို ချဆွဲလာခဲ့တယ်။ သူဆွဲနေတဲ့ပုံစံက စကားလုံးတွေလိုမျိုးပဲ။

လီကျိုးရှင်း သူ့ကိုကြည့်ရင်းနဲ့ ခေါင်းငုံ့ကာ သူ့ကိုယ်သူ တိုးတိုးလေး ရယ်မောလိုက်တယ်။

ကုဝမ်ချန် သူ့ရှေ့က ကောင်လေးကို ရှင်းပြဖို့ ကြိုးစားနေတာကို လက်လျှော့လိုက်တယ်။ ထိုလှပသောမျက်နှာသွင်ပြင်ဆီမှာ ဖြစ်ပေါ်လာတဲ့ မကျေမနပ်အမူအယာက မာနကြီး မောက်မာကာ အေးစက်တဲ့ပုံဖြစ်စေပြီး ကမ္ဘာကြီးနှင့်အလှမ်းဝေးသောအရပ်မှာ ပွင့်လန်းနေတဲ့ ရေခဲလီလီပန်းတွေလိုပဲ။

ကုဝမ်ချန်ဆိုတာက သူ့ရဲ့ အင်္ကျီလက်ထဲမှာ လှည့်စားမှုတွအများကြီးရှိနေပြီး သူ့ရဲ့မျက်လုံးတွေနောက်မှာတော့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိနေတဲ့  လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now