(4.2)တုံးအတဲ့ မြေခွေးလေး

211 35 2
                                    

(4.2)တုံးအတဲ့ မြေခွေးလေး

ကျောင်းသား အုပ်စုသုံးဖွဲ့ကအာကာသယာဉ်တွေ စတင်စက်နှိုးပြီး လေပေါ်သို့ပျံတက်သွားတာကို တုံးအအနဲ့ ကြည့်နေမိခဲ့ကြတယ်။  ခဏလေးအတွင်းမှာပဲ ဆရာတွေ အားလုံးက ထွက်သွားခဲ့ကြပြီ။ အဖွဲ့တစ်ခုစီရဲ့အရှေ့မှ ကိုယ်စားလှယ်တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်က စတင်ပြောလာခဲ့တယ်။

“မင်းတို့ရဲ့ဆရာတွေက မင်းတို့တွေကို အချက်အလက်နညနည်းလောက် မပြောပြခဲ့ဘူးလား"

ကျန်တဲ့လူတွေက ခေါင်းကိုခါရမ်းလာကြပြီး တစ်ယောက်က စုတ်သပ်ကာ ပြောလာတယ်။

"အရမ်း တာဝန်မဲ့လွန်းတာပဲ”

အခုလိုအခြေအနေမျိုးက လီကျိုးရှင်းရဲ့ စိတ်ကြိုက်ပုံစံမျိုးပဲ။ အဓိပ္ပါယ်မရှိတာတွေပြောမနေဘူး။ လုပ်စရာရှိတာကိုဖြောင့်ဖြောင့်သွားတယ်။ လှုံ့ဆော်မှုပေးတဲ့ မိန့်ခွန်းမျိုးတွေနှင့် မလိုအပ်တဲ့အရာတွေကနေ ယူဆောင်သွားမဲ့ အချိန်တွေကို များစွာသက်သာစေတယ်။

ဒါပေမယ့် ဆရာတွေက ဘာတစ်ခုမှမပြောခဲ့ပဲ ရုတ်တရက် ထွက်သွားတာက သူတို့ရဲ့ဦးဆောင်မှုအောက်မှ ကျောင်းသား (600) လောက်ကို အူကြောင်ကြောင်ဖြစ်သွားစေကာ လက်ရှိဖြစ်နေတဲ့ အရာတွေကို နားလည်နိုင်စေဖို့ ကြိုးစားနေရတဲ့အခြေအနေကိုဖြစ်သွားစေတယ်။

လူအများစုက အာကာသယာဉ်တွေ ထွက်ခွာသွားတဲ့ ကောင်းကင်ယံဆီကို မျှော်ကြည့်နေကြတုန်းပဲ။

လီကျိုးရှင်းက ကုဝမ်ချန်ကို တိုက်ရိုက်မေးလိုက်တယ်။

"ငါတို့ စကြတော့မလား"

ကုဝမ်ချန်က အပြုံးလေးတစ်ခုဖြင့် ထိုမေးခွန်းကို ပြန်လည်ပစ်ပေးလာတယ်။

"အဆင့်တစ်ကျောင်းသား.. မင်းတစ်ခုခုလုပ်တော့မှာပေါ့ ဟုတ်တယ်မလား?"

လေထဲမှာရောနှောပါဝင်နေတဲ့ အဝါရောင်မြေမှုန်တွေရဲ့ ရိုက်နှက်ခံနေရမှုကြောင့် ကြမ်းတမ်းပြီး ညစ်ပတ်လွန်းနေတဲ့နေရာမှာ ကုဝမ်ချန်ရဲ့အပြုံးက လတ်ဆတ်တဲ့ကြာပန်းတွေ ပွင့်လန်းလာသလိုမျိုးပဲ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now