(8.1)

400 56 0
                                    

8 - လှပလွန်းတဲ့ ကောင်လေး

သတိပေးချက်: ဒီအပိုင်းထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ရိုင်းစိုင်းသော အသုံးအနှုန်းများ ပါဝင်နေတာကြောင့် NSFW အဖြစ် သတ်မှတ်ထားပါတယ်။
 
T/n_ အရင်အပိုင်းမှာတုန်းက နာအန်းရဲ့ ဇာတိကို ထျန်းရှီရှင်းလို့ မှားရေးလိုက်မိတာကို Topiaလို့ပြန်ပြင်ထားတယ်နော်

ချန်ယန် အကယ်ဒမီက Topia မှာတည်ရှိတယ်။ တစ်ခြားဂြိုယ်တွေ တစ်ခြားနေရာတွေမှာ ကျောင်းခွဲတွေမရှိတဲ့အတွက်ကြောင့် ချန်ယန်အကယ်ဒမီက Galaxies ရှစ်ခုလုံးမှာ တစ်ခုတည်းသာရှိတဲ့ ကျောင်းလို့ ပြောရလိမ့်မယ်။

ကျောင်းသားတွေက အာသာသယာဉ်ထဲကနေ ထွက်လာတာနဲ့ ပထမဆုံး ကျောင်းတော်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိတ်တံခါးပေါက်ကြီးကို အရင်မြင်ခဲ့ရတယ်။

ဂိတ်တံခါးတွေက ကျယ်ပြန့်စွာပွင့်သွားပြီး တစ်ဖက်မှာတော့ ကျောင်းသားတွေရဲ့ အနာဂတ်တွေနဲ့ ကတိသစ္စာတွေကို မြင်တွေ့ရတယ်။ ထိုတံခါးပေါက်ရှေ့မှာ ရပ်နေရုံနဲ့ ရာစုနှစ်ပေါင်းများစွာ  ဒီဝင်ပေါက်ကနေ ဖြတ်သန်းသွားခဲ့တဲ့ ကျောင်းသားဟောင်းတွေရဲ့ အဖိုးတန်အရာတွေနဲ့ များစွာသော အောင်မြင်မှုတွေရဲ့ ဖိအားကို ခံစားရနိုင်လိမ့်ယ်။ သူတို့တွေကရော သမိုင်းတွင်အောင် လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ လမ်းပျောက်ရတဲ့ ခံစားချက်လိုပဲ။

အရာရှိအလောင်းအလျာလေးတွေက ကြောက်ရွံမှုတွေ ၊စိတ်လှုပ်ရှားမှုတွေ ရောနေတဲ့ အသံနဲ့ အချင်းချင်းတီးတိုးပြောဆိုနေခဲ့ကြတယ်။ သူတို့က အဝေးကြီးအထိတောင် မတွေးနိုင်ကြဘူး။ ဒီကျောင်းမှာ နောက်ထပ် လေးနှစ်ကြာအောင် ဘယ်လိုမျိုး နေထိုင် ဖြတ်ကျော်ရမလဲဆိုတာကို ကြိုတင်စဉ်းစားရုံနဲ့တင် စိတ်လှုပ်ရှားလွန်းပြီး မူးဝေနေကြပြီ။

“အခန်းတွေကို အကျယ်အဝန်းအလိုက် အကြီး အသေးခွဲထားတယ်” 

ဆရာမက ကျောင်းကို လှည့်ပတ်ပြသရင်းနဲ့ ပြောတယ်။    

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now