(6.2)
ထိုလူက သူ့ရဲ့ကွန်ပြူတာကို ဖွင့်ဖို့အတွက် နောက်ထပ်ကြိုးစားမှုကလည်း ကျရှုံးသွားပြီးချိန်မှာ ရုတ်တရက် ဒေါသတကြီးလာခဲ့ပြီး သူနဲ့အနီးဆုံးမှာရှိတဲ့ ကျောင်းသားတစ်ယောက်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။
သူ့ရဲ့မျက်နှာကလည်း ရိုင်းစိုင်းကြမ်းတမ်းစွာ တွန့်ချိုးနေခဲ့ပြီး ပြောလာခဲ့တယ်။
"မင်းတို့ သောက်ကောင်လေးတွေက တခြားနေရာတွေအများကြီး ရွေးချယ်စရာရှိနေပေမဲ့ ငါ့ရဲ့ဘဝအတွက် ပြေးလွှားဖို့ အလုပ်ရှုပ်နေတဲ့အချိန်ကျမှ ဒီလို ကလေးကစားကွက်လေးတွေလုပ်ဖို့ ဒီနေရာကို တဲ့တဲ့မတ်မတ်ရောက်လာကြတာပဲ!"
ပင်လယ်ဓားပြရဲ့ ကန်ချက်ကြောင့် လူငယ်လေးက သူရှိနေခဲ့တဲ့နေရာမှ တစ်မီတာလောက်အဝေးသို့ ပျံတက်သွားခဲ့ရှာတယ်။ ကောင်လေးက နာကျင်စွာ ညည်းတွားလိုက်မိကာ ကိုယ့်ကိုယ်ကိုယ် ကွေးညွတ်လိုက်မိရင်း ပျို့အန်ချင်လာပေမဲ့ သူ့ရဲ့ပါးစပ်ထဲမှ တံတွေးဖြူတွေသာ ထွက်လာခဲ့တယ်။
နာအန်း ကြောက်လန့်တကြားနှင့် သူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်မိကာ လက်ဖျားခြေဖျားတွေကလည်း ရေခဲတုံးလိုအေးစက်သွားရပြီး ထိတ်လန့်ကြေက်ရွံ့မှုကြောက် တုန်ယင်နေခဲ့တယ်။ တစ်ဖက်လူကတော့ သူ့ရဲ့ကျိန်ဆဲမှုကိုကို ဆက်လုပ်နေခဲ့ပြီး သူ့ရဲ့ ဒေါသတရားတွေကို ကျောင်းသားအုပ်စုအပေါ်သို့ ပုံချနေခဲ့တယ်။
ဒီအလိုရှိစာရင်းဝင်လူက သူ့ရဲ့အဖွဲ့ငယ်လေးနဲ့ လေ့လာရေးအတွက် ခရီးထွက်လာချိန်မှာ အင်ပါယာစစ်တပ်အဖွဲ့နဲ့ ဝင်တိုးမိသွားတာကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ပင်လယ်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။
သူ့ရဲ့ ညီအစ်ကိုတွေအားလုံးက ဒဏ်ရာရရှိမှုတွေ ဒါမှမဟုတ် သေဆုံးမှုတွေနှင့် ဆုံတွေ့ခဲ့ရပြီး သူတစ်ယောက်တည်းကသာ ထွက်ပြေးနိုင်ခဲ့တယ်။
သို့ပေမဲ့လည်း အာကာသသင်္ဘောက လွတ်မြောက်ဖို့ ကြိုးစားနေချိန်အတွင်းမှာ စစ်တပ်ရဲ့ အတားအဆီးတစ်ခုနှင့် ထိမှန်ခဲ့ပြီး Vagor ပေါ်သို့ အရေးပေါ်ဆင်းသက်ဖို့အတွက် ဖိအားပေးခံခဲ့ရတယ်။

YOU ARE READING
အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့
Fantasyခေါင်းစဥ်_ အဖြောင့်အယောင်ဆောင် _MC Gong _falls in love first _brotherhood _comedy _friendship _manly gay couple _military _powercouple _secret crush _straightuke _transmigration