(5.2)

220 35 1
                                    

(5.2)

နှိုင်းယှဥ်လိုက်ရရင် သူတို့က လီကျိုးရှင်းနဲ့ မတူတဲ့မျိုးစိတ်တစ်ခုလို့ ခံစားရစေတယ်။ သို့ပေမယ့် သူတို့နဲ့ပြောနေတဲ့လူကသူ တို့သူငယ်ချင်းရဲ့ဖြစ်နေတယ်လေ ။ ဒီတော့ သူတို့တွေ မြန်မြန်ဆန်ဆန်ပဲ သူတို့ဘာသာဖြေသိမ့်လိုက်ကြတယ်။ အနည်းဆုံးတော့ သူတို့ကအသင်းတူနေသေးတာပဲမလား ။

ကျိယွီက ကုဝမ်ချန်ကို စိုးရိမ်တကြီးကြည့်ကာရုတ်တရက်မေးလိုက်တယ်။

'' တစ်ယောက်ယောက် ဒဏ်ရာရသွားသေးလား ''

ကုဝမ်ချန်က သူ့ရဲ့စွမ်းအင်ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်ပြီး  သတ္ထုလက်နက်ကို နောက်ထပ် အိတ်ထဲသို့ပြန်မထည့်ခင်မှာ ခဏလောက် စဥ်းစားလိုက်သေးတယ် ။

''နည်းနည်းလေးပင်ပန်းနေရုံပါပဲ.. ကိစ္စမရှိဘူး"

အလှလေးကတော့ ဘာပဲဖြစ်ဖြစ်နေနေ လှပနေတုန်းပဲ ။ ကြည့်ရတာ ကုဝမ်ချန်က  အနည်းငယ် ခြေကုန်လက်ပမ်းကျသွားပုံသာ ရတယ်။  ဒါပေမဲ့ အဖွဲ့ထဲမှ တခြားသူတွေက သူ့ကို ကြင်နာစွာ ဆက်ဆံပေးနေကြတုန်းပဲ။

'' မင်း အလုပ်ကြိုးစားခဲ့ရတာပဲ ''

စစ်နန်က သူ့ကိုစာနာစွာကြည့်လိုက်တယ် ။

"  အစွယ်ရှိသားရဲက မင်းရဲ့နောက်ကိုပဲဘာကြောင့် လိုက်နေရတာလဲဆိုတာကိုဘယ်သူကသိမှာလဲ ..သူ့ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးနီးပါးက မင်းကိုပဲ​ဦးတည်နေခဲ့တာ"

ရိုးရိုးသားသားပြောရရင် စစ်နန်က ကုဝမ်ချန်ကို အတော်လေးအားကျတယ် ။ အပြင်ပန်းကကြည့်မယ်ဆိုရင် ကုဝမ်ချန်က သူ့ရဲ့တစ်ဝက်လောက်တောင် သန်မာမဲ့ပုံမပေါ်ဘူး။ ဒါပေမယ့်လည်း တကယ်တမ်းမှာ သူ့ရဲ့ ခံနိုင်ရည်တော်တော်အားကောင်းတဲ့ပုံရတယ်။

တကယ်လို့ ထိုသားရဲကြီးက သူ့ကို အချိန်အကြာကြီးတိုက်ခိုက်ခဲ့မယ်ဆိုရင် သူကတော့ ကုဝမ်ချန်လိုမျိုး အနည်းငယ်လောက် ပင်ပန်းသွားရုံလောက်နဲ့ ပြူးသွားနိုင်မှာ မဟုတ်လောက်ဘူး။

သူက တစ်ပိုင်းထဲနဲ့တင် အသက်ရှင်နိုင်ဖို့အတွက် အတော်ကြီးကိုရုန်းကန်လိုက်ရလိမ့်မယ် ။.

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now