(7.1) မျက်နှာဖုံးစွပ် ပင်လယ်ဓားပြ

145 25 0
                                    

(7.1)မျက်နှာဖုံးစွပ် ပင်လယ်ဓားပြ

လီကျိုးရှင်းနှင့် သူ့ရဲ့ အသင်းသားတွေကတော့ ဆရာတွေက ထိုကျောင်းသားတွေကို ခေါ်ဆောင်သွားတာကို မြင်တွေ့လိုက်ရမှ စိတ်သက်သာရာရစွာနှင့်သက်ပြင်းချလိုက်မိကြတယ်။

အကယ်ဒမီရဲ့ အရာရှိတွေကတော့ ဂြိုဟ်တစ်ခုလုံးကို တစ်ပတ်လှည့်ပတ် စစ်ဆေးခဲ့ပြီးမှ တစ်ဝက်သေနေပြီဖြစ်တဲ့ပင်လယ်ဓားပြကို စစ်တပ်ဆီကို  လွှဲပြောင်းပေးခဲ့တယ်။ 

ဒီတစ်ကြိမ်မှာတော့ သူတို့အသင်းက နောက်ဆုံးတော့ စိတ်တိုင်းကျ ပြန်လုပ်လို့ ရနေပြီ။ သူတို့တွေ စိတ်ကိုပြန်လည်လျှော့ချလိုက်တာနဲ့ သူတို့တွေ ဘယ်လောက်ထိဆာလောင်နေပြီး သူတို့တွေ ဘယ်လောက်ထိ ပင်ပန်းနေပြီလဲဆိုတာကို ပြန်လည် ခံစားမိလာခဲ့ကြတယ်။

ဒါပေမဲ့  သူတို့ဆီမှာ အမဲလိုက်ဖို့အတွက် ခွန်အားမရှိတော့တာကြောင့် တစ်ညတာနားနေဖို့အတွက် လုံခြုံတဲ့နေရာကိုသာ ရှာဖွေ့ခဲ့ကြပြီး သူတို့နှင့်အတူပါလာတဲ့ အာဟာရထုပ်တွေကိုပဲ စားသောက်ခဲ့ကြရတော့တယ်။ ပြီးနောက်မှာတော့ လူငယ်ငါးယောက်က မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းရင်းနှင့် ကြယ်တွေကို မော့ကြည့်နေခဲ့ကြတယ်။

ကျိယွီ သက်ပြင်းချလိုက်တယ်။

"ဆရာတွေရဲ့မျက်နှာကို တွေ့လိုက်ကြလား.. ငါက သူတို့တွေ အဲဒီအညစ်အကြေးကောင်ကို ငါတို့ရဲ့ရှေ့မှာတင်မှာ အပြတ်ရှင်းလိုက်တော့မယ်လို့တောင် ထင်သွားခဲ့တာ"

“ဆရာထဲကတစ်ယောက်က ငါတို့ ဘယ်သူကမှ ကြည့်မနေဘူးလို့ ထင်တဲ့အချိန်မှာ အဲဒီ ပင်လယ်ဓားပြရဲ့ဖင်ကို အားပြင်းပြင်းနဲ့ကန်လိုက်သေးတာကို ငါ မြင်လိုက်သေးတယ်"

လီကျိုးရှင်း ပျင်းရိစွာ ပြောလိုက်တယ်။

“သူတကယ့်ကို အရမ်းအားပြင်းပြင်းနဲ့ကန်ခဲ့တာနော်.. အဲဒီ ပင်လယ်ဓားပြ  အဝေးကို လွင့်ထွက်ပြီး ပျံသန်းသွားလုနီးပါးပဲ"

အော်ရယ်သံတွေ ထွက်ပေါ်လာတယ်။ ထိုရယ်မောသံတွေက အနီးအနားမှာရှိနေတဲ့ ချုံပုတ်အတွင်းမှ အင်းဆက်ပိုးမွှားတွေကို အထိတ်တလန့်ဖြစာစေပြီး သူတို့ရဲ ဒေါသကိုပြသတဲ့အနေနဲ့ လေထဲမှ ပျံသန်းပြခဲ့ကြတယ်။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now