(7.2)မျက်နှာဖုံးစွပ် ပင်လယ်ဓားပြ

447 55 2
                                    

(7.2)

ချန်ယန်အကယ်ဒမီလိုကျောင်းကနေ ဘယ်သူကမှ မထွက်ချင်ကြဘူး။ ချန်ယန်အကယ်ဒမီဆိုတာက သူတို့တွေ ခက်ခက်ခဲခဲ ဝင်ရောက်ခွင့်ရထားတဲ့ ရွေးချယ်စရာဆိုတာ သေချာတာပဲလေ။ ဒါ့အပြင် ဒီကိစ္စက ကျောင်းရဲ့အမှားကြောင့်ဖြစ်လာခဲ့တာမဟုတ်ပေမဲ့ အကယ်ဒမီမှ စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့တယ်။ ဒီအခြေအနေကို ထိရောက်တဲ့နည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ပေးခဲ့တယ်။ ဒီကနေ ထွက်ခွာဖို့အတွက် ဘယ်အရူးကများ ရွေးချယ်မှာတဲ့လဲ။

-- ဒါ့အပြင်၊ စစ်ကျောင်းကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တဲ့သူတိုင်းက ဒီလမ်းကိုရွေးချယ်တဲ့အတွက် သူတို့တွေရင်ဆိုင်ရမဲ့ အန္တရာယ်တွေအကြောင်းကို သိရှိနေပြီးသားပဲ။

သူတို့တွေက ဒေါသထွက်နေမဲ့အစား တစ်စုံတစ်ခုကို စူးစမ်းလိုတဲ့စိတ်သာရှိနေခဲ့ကြတယ်။

"ကျောင်းသားတွေကို ဘယ်သူကယ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား"

ဘယ်လို သောက်ကြမ်းကြီးကများ ဒီလောက်တောင် အံ့ဖွယ်ကိစ္စကို လုပ်ခဲ့နိုင်တာလဲ။ သူတို့အနေနဲ့ အဲဒီသူရဲကောင်းကို ကိုးကွယ်ချင်တဲ့အတွက် ဘယ်သူလဲဆိုတာကို သိဖို့ လိုအပ်တယ်!

အကြောင်းကြားပြောပြပေးနေတဲ့ ဆရာ့ရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားခဲ့တယ်။ သူသာ ဒီအကြောင်းအရာကို ပြောပြခဲ့မယ်ဆိုရင် ကျန်ကျောင်းသားတွေကလည်း ရဲစွမ်းသတ္တိရှိမှုရဲ့ ကောင်းမြတ်မှုကို ခံစားနိုင်လိမ့်မယ်။ ဒါကြောင့် ဆရာက လီကျိုးရှင်းနှင့် သူ့ရဲ့အသင်းသားတွေ လုပ်ဆောင်ခဲ့သမျှကို စိတ်အားထက်သန်စွာ ပြောပြခဲ့ပြီး စကားလုံးအညွန့်အကွန့်တွေကိုလည်းထည့်သွင်းပြောပြခဲ့ကာ တံတွေးတွေတောင်ပျံ့လွင့်လာခဲ့တယ်။

ကျန်ရှိနေတဲ့ကျောင်းသားတွေနှင့်အတူ လူအုပ်ကြီးထဲမှာ ရပ်နေခဲ့တဲ့ လီကျိုးရှင်းတို့အဖွဲ့:"....."

'တစ်နှစ်တာရဲ့ အကောင်းဆုံးနှင့် အတောက်ပဆုံးသော' နှင့် 'အလွန်ထက်မြက်လွန်းပြီး ရှာဖွေရခက်သော အရည်အသွေးများ ပိုင်ဆိုင်နိုင်' စတဲ့စကားတွေနှင့် ပြောဆိုရည်ညွှန်းခြင်းကို ခံနေရတာက အဖွဲ့သားတွေကို အလွန်ရှက်ရွံ့စေခဲ့တယ်။ ပြောရရင် ဆရာရဲ့သြဝါဒစကားတွေကို နားထောင်နေရတာက သူတို့တွေ နောက်ဆုံးမှာရပ်တည်ခဲ့ရတာထက်တောင် ပိုပြီး နေရခက်လာသလိုပဲ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now