Ep 18 (uni)

5.9K 482 42
                                    

အခုတလော သူ့အသေးလေး အရင်လိုမလိမ္မာတော့ပါ။
ထမင်းကိုလည်း ပုံမှန်မစားပဲ သရေစာတွေချည်း လှိမ့်စားနေ၏။ ညနေအလုပ်ကပြန်လာတဲ့အချိန်သာ သူဆူမှာစိုးလို့ စားတာ။ ကြီးကြွယ်ပြောတာ ပိတ်ရက်ဆိုလည်း ထမင်းမစားပဲ ခေါက်ဆွဲတွေ ၊ ချဉ်ပေါင်းတွေပဲ စားတယ်ဆိုပဲ...။ ဒီအသေးလေး သူမဆူတာကြာလို့ အကျင့်ပျက်နေတာ။ နဲနဲမှအလွတ်ပေးလို့မရ။ သူတင်ပဲလားဆိုတော့မဟုတ်၊ ညီမဖြစ်သူနဲ့ နှစ်ယောက်ပေါင်း လောင်းကျော်ဖြစ်နေတာ။

"စားလို့ကောင်းလိုက်တာနော် ရှယ်ပဲ...ဟူး စပ်လိုက်တာ"

"ဒီအထုတ်ကပိုကောင်းသလိုပဲနော် အရင်နေ့ကလုပ်စားတဲ့ဟာ သိပ်မကောင်းဘူး"

"ဟုတ်တယ် ရှူး...ဟား...."

"လပြည့်ပြီးရင်သွားတိုက်နော် အစပ်ပြေတစ်ခုခုစားထားအုံး ကိုကြီးသိရင်အဆူခံရလိမ့်မယ်"

"အင်းအင်း"

အံမယ် နှစ်ယောက်သား အတိုင်အဖောက်ညီနေလိုက်ကြတာ။ တရှူးရှူးတရှဲရှဲနဲ့ အဝေးကနေတောင် ရဲတွတ်နေတဲ့ခေါက်ဆွဲတွေကို နှစ်ယောက်တမ်းခေါင်းမဖော်စတမ်း စားနေကြတာ။ သူ၀င်လာတာတစ်ယောက်မှမသိ!

"တော်တော်‌စားကောင်းနေကြတယ်ထင်တယ် ဟုတ်လား"

"အယ် ကိုကြီး!"

"ကိုကို!"

ဟေမာန်နဲ့ လပြည့်မှာ လက်ထဲက တူတောင်ပြုတ်ကျတယ်။ ထမင်းစားခန်းအပေါက်၀ကနေ ခါးကြီးထောက်ပြီး ကြည့်နေတာများ ချက်ချင်းဝါးစားတော့မတတ်မို့လပြည့်အမြန်ပင် မျက်နှာချိုသွေးလိုက်ရသည်။

"ဟီးဟီး... ကိုကို ဒီနေ့အစောကြီးပြန်လာတာလား"

"အစောကြီးပြန်လာလို့ လက်ပူးလက်ကြပ်မိတာပေါ့..."

အိ! နှစ်ယောက်သားဇာတ်လေးတွေပုသွားကြ၏။ လူကြီးတွေမသိအောင် ဘာမှလုပ်လို့မရဘူးဆိုတဲ့စကားကို လက်ခံသွားပြီ။

"ပြောပါအုံး ဒါတွေစားနေတာဘယ်နှစ်ရက်ရှိပြီလဲ"

သင်္ခအနားထိသွားပြီး ခေါက်ဆွဲပန်းကန်ကို ဘေးဖယ်ပြီးမေးလိုက်တော့ မျက်လုံးတွေက ထိုခေါက်ဆွဲပန်းကန်တွေကိုနှမြောတသသကြည့်နေရင်း

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now