Ep 20 (uni)

5.9K 541 52
                                    

'ငါနဲ့တစ်နေရာလိုက်ခဲ့ပေး' ဆိုပြီး လာခေါ်လို့သာ လိုက်လာခဲ့ရတယ် ဘယ်ကိုသွားမယ်၊ ဘာလုပ်မယ်ဆိုတာ ဓန ခုထိမသိရသေး။ ပြောမလား ပြောမလား စောင့်နေတာ သူမပြောတော့ ကိုယ်ကပဲ ထုတ်မေးရတော့သည်။

"ဟေ့ကောင် ဘယ်သွားမလို့လဲလောက်တော့
ပြောလေကွာ"

"စာရင်းရှင်းစရာရှိလို့"

"ဟမ် ဘယ်သူနဲ့လဲ"

"နာမည်ကတော့ အာကာကျော်ဆိုလား...
လိပ်စာက ဒီမှာ "

ပစ်ပေးလာတဲ့ ဖုန်းကိုကြည့်လိုက်တော့ နေရာက
လှိုင်သာယာထဲမှာ လမ်း၊အိမ် အတိအကျမို့ ရှာရတော့
မခက်လောက်။

"မင်းက သူနဲ့ ဘာငြိထားလို့လဲ"

"အသေးလေးဆေးရုံတက်နေရတယ်"

"ဟင် ဟုတ်လား!"

"အဲ့ကောင်  ဒီနေ့ ကျောင်းမှာ အသေးလေးကို ဘယ်သူမှမရှိတဲ့အချိန်စောင့်ပြီး ထိကပါးရိကပါးလာလုပ်တာ၊
အသေးလေးကပြန်ရုန်းရင်းနဲ့ ခေါင်းကိုခိုက်မိပြီး သတိမေ့သွားလို့ ဆေးရုံတင်လိုက်ရတယ် ခုနကမှသတိပြန်ရတာ"

"ဟာ... မင်းက အဲ့ဒါခုမှပြောရလားကွ ငါတို့ကိုအစောကတည်းကပြောတာမဟုတ်ဘူး"

"ငါလည်းပူထူနေတာ အခုလုံးလုံးသတိလည်လာမှ
စိတ်အေးသွားရတာ"

ဓနလည်း စိတ်မကောင်းဖြစ်သွားသည်။ ဟိုကောင်ကလည်း အပျို၊ အအိုတောင်မရှောင်နိုင်ရအောင်
အဲ့လောက်နှာထရလား! သူတို့လည်း ချောတာလှတာမြင်ရင် ကြိုက်ပေမဲ့ သူများကာမပိုင်တော့ စိတ်နဲ့တောင်မပြစ်မှား။ အဲ့တော့ အခုဟိုကောင်ကို သွားသမ, မလို့ပေါ့။

"ဒီလိုမှန်းသိ ဟိုကောင် ဓူဝံနဲ့  ကြည်သာဦးပါခေါ်ခဲ့ပါတယ်ကွာ မင်းကအကျိုးသင့်အကြောင်းသင့်မှ မပြောတာ"

"အဲ့ကောင်တွေ၀င်ခေါ်‌ဖို့ထိ အချိန်မရှိဘူး...
စားစရာဝယ်မယ်ဆိုပြီး ခဏထွက်လာတာမို့၊
ပြီးတော့ မင်းတို့၀င်ပါစရာမလိုဘူး ငါ့ဟာငါရှင်းမှာ"

"ဟ! ဒါဆိုဘာလို့ငါ့ကိုခေါ်လာသေးလဲကွာ"

"လက်လွန်ခြေလွန်မဖြစ်ခင် ထိန်းခိုင်းဖို့ခေါ်လာတာ..."

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now