Unicode
အချစ်ဟာ ဟင်းပွဲတစ်ခု ဖြစ်ခဲ့လျှင်
သူ့ထံ ပါဝင်တဲ့ ဟင်းအမယ်တွေဟာ သိပ်ကိုစုံပါလိမ့်မယ်။
ယင်းသို့ များလှစွာသော အမယ်တွေထဲ
အမှတ်မရှိခြင်းလည်း တစ်ခုအပါအဝင်ဖြစ်လိမ့်မယ်။
အရည်ပျော်ကျနေတဲ့ ဖယောင်းစက်တွေက လက်ကို ပူနေသည့်တိုင် ဖယောင်းတိုင်လေးကို ဆက်ကိုင်ထားလိုသည့် ဥပမာလို နာကျင်မှုတွေ ရခဲ့သည့်တိုင် Hyunjin က Seungmin ကို ပြန်လည်ဆွဲထားလိုနေဆဲပါပဲ။
ဒါကြောင့် စကားလုံးကြမ်းတွေကို ရခဲ့တဲ့ကြားက လက်မလျှော့ဘဲ Seungmin ထံ တွယ်ကပ်ရင်း သူ့အနား ပြန်ရောက်လာဖို့ မဲဆွယ်နေမိတာဖြစ်တယ်။
Seungmin ဆင်းလာသည်ကို မြင်ရသည်နှင့် ယင်းဆီသို့ ကားကို မောင်းသွားကာ အရှေ့မှာ ရပ်လိုက်သည်။ ထို့နောက် ကားအပြင်ကို ထွက်သွားတော့ Seungmin က သူ့ရဲ့ကိုယ်ပိုင်အကြည့်စူးတွေနဲ့ ကြည့်လာသည်။
"ဘာလာလုပ်ပြန်တာလဲ"
အဖြေကိုသိနေပါလျက် မေးခွန်းထုတ်လာတဲ့ Seungmin ကို
သူကလည်း ထပ်တလဲလဲသော အဖြေကို ထပ်ပေးရပါသည်။
"ကျောင်းလိုက်ပို့ပေးမယ်"
"မလိုဘူး။ ငါ့ဘာသာ သွားမယ်လို့ ပြောနေတာ သုံးရက်တောင် ရှိပြီကို မင်းက ဘာလို့ လက်မလျှော့ရသေးတာလဲ"
လက်လျှော့ခြင်းဆိုတာက Hyunjin ရဲ့ အဘိဓာန်မှာ မတည်ရှိဖူးတဲ့ စကားလုံးဖြစ်သည်။ လူဆိုတာ သေမှပဲ ဇွဲကို လျှော့ရပါမည်။
"မင်းပဲ လက်လျှော့လိုက် Kim ။ ခေါင်းမာနေတာတွေရပ်ပြီး ငါနဲ့ အိမ်ကိုပြန်လိုက်ခဲ့"
Kim က သူ့ကို လျစ်လျူရှုကာ ရပ်ထားတဲ့စက်ဘီးကို သော့ဖွင့်သည်။
ယင်းနောက် စက်ဘီးလေး နင်းရင်း သူ့မြင်ကွင်းထံမှ ထွက်သွားဖို့ လုပ်တဲ့အခါ Hyunjin ကလည်း သခင်နောက်လိုက်တဲ့ခွေးလေးလို ကားနဲ့ အနောက်က လိုက်သွားခဲ့ပြန်သည်။
ခေါင်းမာခြင်းပြိုင်ပွဲမှာ နှစ်ဘက်စလုံးကတော့
အလျှော့ပေးမယ့်ပုံ မပေါ်ပါ။
×××
နာရီတကြည့်ကြည့်လုပ်နေတဲ့ Hyunjin ကိုကြည့်ကာ Minhee သက်ပြင်းချမိပါ၏။ Hyunjin ရဲ့ အာရုံတွေက ဒီစကားဝိုင်းမှာ ရှိမနေတော့တာ နာရီဝက်လောက် ရှိနေပြီမှန်း သူ သေချာကို ရိပ်မိတာပေါ့။
YOU ARE READING
NEMESIS
Fanfiction"မင်းက ဘယ်တော့မှ Hwang တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး" ခက်ထန်တဲ့စကားတို့ဟာ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသည့်အတိုင်း သူဟာ မျက်နှာတစ်ချက်မပျက်။ ဝမ်းနည်းခြင်းလည်း မရှိ။ အဲဒီအစား ရှေ့ကို ခြေတစ်လှမ်းတိုးလာကာ အသက်မပါသည့် လူသေကောင်နှယ် မျက်ဝန်းများဖြင့် ကြည့်လ...
