Unicode
ညနက်တဲ့ထိ အိပ်မပျော်သည်မို့ ဒီဇိုင်းဆွဲဖို့သာ မောင်ရည်ရွယ်လိုက်လေသည်။စားပွဲပေါ်မှနာရီကိုကြည့်မိတော့ ဆယ့်နှစ်နာရီထိုးဖို့ သိပ်မလိုတော့ပေ။ပတ်ဝန်းကျင်အသံဟာ တိတ်ဆိတ်နေသည်မို့ဒီဇိုင်းဆွဲရင်တော့ အလုပ်ဖြစ်မှာအသေအချာ။
ပိတ်ထားသည့်မီးအိမ်ကလေးကိုဖွင့်လိုက်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့နုမျက်နှာလေးကို အထင်အရှားမြင်ရသည်။ညဘက်မှာတောင်မျက်နှာကလေးသည် ဖြူဖွေးပြီးကြင်လင်နေပုံက မောင့်အတွက် အသဲယားစရာ။ဒီပါးလေးနှစ်ဖက်ကိုသာ ဖျစ်ညှစ်လိုက်ရင်နိုးသွားမှာအသေအချာပင်။နေ့ခင်းကတည်းကဆွဲဖို့ကြံရွယ်ထားတဲ့ဒီဇိုင်းကို အခုမှအစပျိုးရတော့သည်။အမြဲတစေၦဒီဇိုင်းတွေကို ရေးဆွဲခဲ့သော်လည်း ဒီ,ဒီဇိုင်းဆွဲမှ မောင့်စိတ်တွေလှုပ်ရှားကာ နှလုံးခုန်နှုန်းကအစမြန်နေလေသည်။အချစ်ရဆုံးသမီးလေးအတွက်ရည်ရွယ်ထားသည်မို့ မောင်အသေအချာဆွဲရပေမည်။အနည်းငယ်တုန်ယင်နေတဲ့လက်တွေကို မိနစ်ပိုင်းလောက်ငြိမ်သက်ပြီးအနားပေးလိုက်မှ
အဆင်ပြေသွားတော့သည်။အဖြူရောင်စာရွက်ပေါ်မှာ ဒီဇိုင်းလေးတစ်ခုဖြစ်တည်ဖို့ မောင်စတင်ဆွဲနေလေပြီ။
အသေအချာအာရုံစိုက်ဆွဲနေသည်မို့ မောင်သည် ပတ်ဝန်းကျင်နဲ့ခဏတာ အဆက်အသွယ်ပြတ်သွားလေသည်။"မောင်"
ညဘက်မို့ နုအသံသည်တိုးဖွသည်။တိုးဖွသည့်နုအသံကို ပတ်ဝန်းကျင်နဲ့အဆက်ပြတ်နေတဲ့ မောင်မကြားပေ။
"မောင် မောင်"
ဘယ်ဘယ်လက်မောင်းကိုနုထိတွေ့လိုက်ကာမှ မောင့်အာရုံတွေသည်နုဆီရောက်လာတော့သည်။သမီးစိတ်ကြောင့် ဒီပတ်ဝန်းကျင်နဲ့တောင်အဆက်အသွယ်ပြတ်လောက်တဲ့အထိ ဒီဇိုင်းတစ်ခုကိုရေးဆွဲနေခဲ့သည်။မောင့်မေတ္တာတွေ လေးနက်လိုက်ပုံများ...။
"အန္တီ ဘာဖြစ်လို့လဲ"
"မောင်ဘာလုပ်နေတာလဲ"
"အိပ်မပျော်လို့ ဒီဇိုင်းလေးတစ်ခုကိုဆွဲနေတာအန်တီရဲ့။အန်တီတရေးနိုးလာတာလား"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)