အခန်း (၁)

57 0 0
                                    


" မင်္ဂလာပါဆရာကြီး...."
" မင်္ဂလာပါ ဗျာ....ကလေးတို့.....
Ok .....ထိုင်ကြပါဗျာ....."

ဆရာကြီးရဲ့ နှုတ်ဆက်စကားကြောင့် မတ်တက်ရပ်နှုတ်ဆက် အရိုအသေပေးနေ
သော ကျောင်းသား၊ကျောင်းသူတွေတစ်ပြိုင်နက်တည်း ထိုင်လိုက်ကာ......တစ်ခန်းလုံး တိတ်ဆိတ်လျက်.......

" ပထမဦးဆုံးမင်းတို့လေးတွေကို ရူပဗေဒ ဌာနကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ပါမောက္ခ ဌာနမှူးဒေါက်တာ ဦးမြင့်မိုရ်သွေးတစ်ယောက် ရူပဗေဒပထမနှစ်ကျောင်းသား၊ကျောင်းသူလေးများကို......
ကြည်လင်အေးမြတည်ငြိမ်တဲ့မျက်နှာနဲ့ ညာဘက်ပါးချိုင့်လေးပေါ်လွင်အောင်ပြုံးပြနှုတ်ဆက်လိုက်တယ်ဆိုရင်းပဲ
ကလေးတွေရဲ့မျက်နှာပေါ်က အပြုံးပန်းကလေးများစွာ ဖြစ်ထွန်းလျက်၊.......

"ဆရာတို့ရူပဗေဒဌာနက နွေးထွေးစွာ ရင်ဖွင့်ကြိုဆိုပါတယ်....
သားတို့သမီးတို့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ ၊စာသင်ကြားရေး‌အချိန်ဇယားတွေ၊Turotial ဖြေဆိုချိန်တွေ၊ သင်ကြားရမဲ့ Module တွေအလိုက်ဆရာ၊ဆရာမတွေစာရင်းတွေကိုအခန်းတိုင်းဆရာတို့ဘက်က ကပ်ထားပေးတယ်ကလေးတို့......မြင်မယ်လို့ဆရာထင်ပါတယ်"

"မြင်ပါတယ်ဆရာကြီး"

ဆရာကြီးရဲ့ ပြောစကားအဆုံး တစ်ပြိုင်နက်တည်းဖြေဆိုလိုက်တဲ့ကျောင်းသား‌၊ကျောင်းသူတို့အသံတွေမြိုင်ဆိုင်စွာ ထွက်ပေါ်လာပါတယ်။

"Ok....တပည့်တို့.....ပထမဆုံးကျောင်းတက်ရတဲ့ရက်မှာ ဆရာကတော့ intro လေးစာစသင်ထားမယ်၊ one side one paper ပဲသင်မှာပါ...ဟာတွေ၊ဟင်တွေ မညည်းညူလိုက်ကြ‌နဲ့ ခင်ဗျာ......"

"ဟုတ်ပါပြီးစာအုပ်တစ်အုပ်ထုတ်မယ်ပြီးရင်ဆရာနဲ့မင်းတို့အားလုံးနဲ့မိတ်ဆက်စကားပြောကြတာပေါ့ "

"မညည်းပါဘူးဆရာကြီးရှင့်/ခင်ဗျာ"
ကျောင်းသူတွေရဲ့ရှင့်နှင့်ကျောင်းသားတွေရဲ့ခင်ဗျာအဆုံးသတ်ကိုလုယက်ဖြေဆိုသံတွေနဲ့တစ်ပြိုင်နက် စာအုပ်ထုတ်သံတွေပါ ထွက်ဖော်လာခဲ့သည်။ အဲ့အသံတွေကြားမိယုံနဲ့ရင်ဝယ်ပီတိအပြုံးဖြစ်ထွန်းလျက်
whiteboard ပေါ်တွင်
Module No-Phys 1101
General Physics I
ဟူ၍ညီညာလှပသော စာများ‌ရေးခြင်း
နှင့်အတူ

အချစ် ယုံကြည်ရာWhere stories live. Discover now