အခန်း (၉)

1.2K 21 0
                                    

Singapore နိုင်ငံရဲ့ မီးရောင်စုံ ထွန်းလင်းနေတဲ့ ညချမ်းလေးက သိပ်ကိုလှပနေသည်။

ဝိုင်ခွက်ကိုင်ကာ Showing Dress ဝတ်ဆင်ထားသော မက Orchard Hotel Singapore ရဲ့သုံးလွှာအထပ်၏
ပြတင်းတံခါးအပြင်ဘက်ငေးနေမှုက ဒီလိုညမှာ ပိုပြီး မီးရောင်စုံနဲ့ လှပနေသည်။
ကောက်ကြောင်းလှတဲ့ မရဲ့နောက်ကျောကိုကြည့်ကာ ညီတစ်ယောက် ရင်တွေစောင့်ခုန်သွားလေသည်။ မကိုတွေ့တိုင်းရင်မခုန်တဲ့အချိန်ရှိလို့လား လို့ ကိုယ့်အတွင်းစိတ်ထဲ မေးမိနေတာ အရူးလိုလို၊အရူးတော့အရူးပဲ၊ဒါပေမဲ့ အချစ်ရူး။

နောက်ဖက်ကနေ သူမခါးကို သိုင်းရစ်ဖက်တွယ်လာသော လက်တစ်စုံပိုင်ရှင်။
သူမပုခုံးပေါ် မေးတင်ကာသူမရဲ့လည်တိုင်အားထိုးဝေ့ နမ်းရှိုက်နေသော ညီ့ပါးတစ်ဖက် နွေးခနဲ။
"သိပ်ကို ကဲနေတယ်"
"ကဲခွင့် ပါမစ်ပေးထားလို့လေ....မောင် မရဲ့ခွင့်ပြုချက်မရှိပဲ ဘာလုပ်ဖူးလို့လဲ"
ခါးကိုဖက်ထားသော လက်ကလေးလျော့သွား၍ ခက် ဝိုင်ခွက်ကိုဘေးစားပွဲတွင်ချလိုက်ရသည်။ပြီးသည်နှင့်မောင်နှင့်မျက်နှာချင်းဆိုင်ကာ
"မောင်ကလေ အရင်ကထက်ကို စိတ်ဆက်လာတယ်၊မအပေါ် စိတ်မရှည်တော့ဘူး၊မဘက်က လိုက်လျောလွန်းလို့ အထင်သေးလာတာသလို"
"ပေါက်ကရလေးဆယ်ကတော့ ပြောတော့မယ်၊ဒီကောင့်ရင်ထဲ မကိုပဲ ပူပန်နေရတာ၊ချစ်လို့တောင်မဝတာကို၊မကိုမောင်ကဘာကြောင့်အထင်သေးရမှာလဲ၊မောင်ကသာ အားငယ်ရတာ မောင့်ကို ဘယ်အချိန် ပစ်သွားမလဲဆိုပြီး"
မျက်နှာငယ်လေးလုပ်ကာပြောသော ညီအား

"ဟုတ်ပါပြီ မောင်တတ်ပါ့လေးရယ်၊အခုချိန်မှာ မောင့်အတွက် အချစ်တွေရှိမရှိ မသေချာပေမဲ့ပေါ့၊မောင်နဲ့ခွဲပြီးပြန်ရတဲ့ညကတော့ မောင့်ကို လွမ်းတယ်"
"ဟား တကယ်၊တကယ်ပေါ့ ဟုတ်လားမ"
"အင်းဆို"
"မောင်နဲ့ခွဲပြီးပြန်ရတဲ့ညဆိုတော့ ကားပေါ်မှာ မောင်အချစ်ကြမ်းခဲ့လို့ ခရီးစဉ်ရွှေ့လိုက်ရတဲ့ညပေါ့"

"သိရင်လည်း ဘာလို့မေးနေရတာလဲ"
"ချစ်လိုက်တာ မရယ်"
မောင့်ရဲ့စကားအဆုံး နွေးထွေးသွားသော ခက်ရဲ့ နှုတ်ခမ်းလေး၊ပြီးတော့ ပါးလေးနှစ်ဖက်ပေါ့။
တင်းကျပ်စွာဖက်ထားတဲ့ မောင့်ရင်ခွင်၊နွေးထွေးလွန်းတဲ့ မောင့်အနမ်း၊ကြင်နာယုယတဲ့ မောင့်အထိအတွေ့တွေကအခုတော့ ခက်အတွက် အရာရာကို မေ့လျော့စေပါတယ်၊နှစ်ပေါင်းများစွာ ချစ်ခဲ့ရတဲ့ အချစ်ကောအပါအဝင်ပါမောင်။တစ်နေ့နေ့တစ်ချိန်ချိန်ကြရင် မောင့်ကိုချစ်တယ်ဆိုတာ...မရနိုင်တော့တဲ့အချစ်ကို မမျှော်လင့်ချင်တော့ဘူး

အချစ် ယုံကြည်ရာWhere stories live. Discover now