Extra

31 0 0
                                    

၂နှစ်ခန့်ကြာသော်

"ဖေ့သမီးကြီး မှူးသဒ္ဒါဂုဏ်နွယ်"
"ရှန့်"
"လာ မျက်နှာသစ်မယ်"
"နေအုံးဖေ့ရာ မောင်လေးနဲ့ညီမလေးတို့ အိပ်နေတာချစ်လို့ပါဆို"

၂ နှစ်အရွယ် ရှိပြီဖြစ်သော သားလတ် ထွဍ်ဦးယံသွေးနှင့်သမီးငယ် နွဲ့နှောင်းကာရံသွေးတို့၏ အိပ်ယာဘေးတွင် ကုတင်ပေါ် မေးထောက်ကာ ဒူးထောက်ကြည့်နေတဲ့ သမီးကြီးကို ခေါ်လို့မရ၊ လေးနှစ်ကျော် သမီးကြီးကို ILBC international primary School တွင် မူကြိုထားခြင်းဖြစ်၍ Monday ရောက်တိုင်းကျောင်းပို့ရန်ခက်ခဲသည်။

သားနှင့်သမီးတို့အတွက်နိုးရင် သောက်လို့ရအောင် နို့မှုန့်ဖျော်နေသော ရိုးသည် မနေသာတော့ပေ။သမီးကြီးသည် အလိုလိုက်လွန်းသော သူ့အဖေ့ဆို မကြောက်။ကိုကိုကလည်း အငယ်တွေရှိ၍ သမီးကြီး သူ့ကို အချစ်ပေါ့တယ်မထင်ရအောင် ချစ်လေသည်။ ဘယ်သွားသွား သမီးကြီးမပါမဖြစ်ပေ။

"သမီးကြီး ဖေဖေ‌ရယ် ခေါ်နေတာ ၃ကာ ရှိနေပြီ"
"သွားပြီ မေ့"
ရိုးကိုတော့ အငယ်လေးတွေ မွေးပေးသည့်အတွက်တဲ့ ရိုးစကားကို တစ်ခွန်းထဲနဲ့ နားထောင်လေသည်။သမီးကြီးပြောပြီး ရိုးအောက်ထပ်သို့ ဆင်းလာခဲ့လေပြီ။

သမီးကြီးကို မျက်နှာသစ်ပေးပြီး သနပ်ခါးသွေး၍ လိမ်းပေးနေသည့် မြင့်မိုရ်
ကုတင်ပေါ် လူးလိမ့်နေသော သားကိုကြည့်ရင်း
"သားထွဍ် နိုးရင်ထလေကွာ၊လူးလိမ့်မနေနဲ့
ညီမလေးကို ကန်မိမယ်"
"ဟယ် မောင်လေး နိုးပြီးလား"
"မမ ချီ....နွဲ့နှောင်း ထတော့ မမကျောင်းတွားတော့မယ်"
"အင်း...မေ့"
သားလတ်ရဲ့ လက်ကလေးနဲ့တွန်းမှုကြောင့်
အပျင်းကျောဆန့်ရင်း မျက်စိဖွင့်လာတဲ့ သမီးငယ်လေး နိုးတာနဲ့ အမေကို မမြင်၍ ခေါ်ပြီ။
မြင့်မိုရ် သမီးကြီးအား သနပ်ခါးလူးပေးတာ ပြီးသည်နှင့် ကုတင်ပေါ်တက်ကာ အမေကိုတသော သမီးငယ်လေးကို မေးစေ့ရောက်သို့ လက်ဖြစ်ကလိထိုးကာ စမိလေသည်။ပါးနှစ်ဖက်အား နစ်ဝင်သည်အထိ နမ်းဖြစ်လိုက်သည်။
"ဖေ့ကိုကြ မခေါ်ဘူးလား သမီးလေးက"
"ခိခိ ဖေ့ ရားတာ ရားတယ်"

သားလတ်လေးကော၊သမီးငယ်လေးကော တီတီတာတာစကားပြောတတ်သည့်အရွယ်ကစပြီး သမီးကြီး ခေါ်သလို ဖေ့၊မေ့ပဲခေါ်တော့သည် ။သမီးကြီးသည် စတန့်ထွင်ကာ ဖေဖေ၊မေမေအပြည့်အစုံမခေါ်၊ရိုးလေးက သင်ပေး‌သော်လည်း သူကတော့ သမီးကြီးသဘောကျခေါ်စေသည်။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

အချစ် ယုံကြည်ရာWhere stories live. Discover now