အခန်း (၄)

1.4K 21 0
                                    

အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အဦးအောက်ဝယ် ထိုးရပ်လာသော ကားတစ်စီးပေါ်မှ ဆင်းသက်လာတဲ့ လူငယ်စုံတွဲတစ်တွဲ.....

ဖုန်း၊ပိုက်ဆံအိတ်ကို အစိမ်းရောင်အကြောဖန့်ဖန့်လေးများပေါ်ကာ ဖွေးဥသောလက်တစ်ဖက်ဖြင့်ကိုင်ကာ၊
လက်ရှည်အင်္ကျီအဖြူရောင်လေး၊မိုးပြာရောင်ကတ္တီပါဖိနပ်ပါးလေးစီးကာ  သေသေသပ်သပ် နက်ပြာရောင်ပုဆိုးဝတ်ထားသော လူငယ်တစ်ယောက်၊ကြည်လင်အေးမြတည်ငြိမ်တဲ့မျက်နှာနဲ့ ညာဘက်ပါးချိုင့်လေးပေါ်လွင်အောင်ပြုံးကာတစ်ဘက်မှဆင်းလာမဲ့ မိန်းကလေးအားစောင့်လျက်......

LV တံဆိပ်ပါ လက်ကိုင်အိတ်လွယ်၍ လက်ဖောင်းလက်တစ်စက အပြာရောင် ဇာပါးလေးနဲ့ပိုးချည်ဝမ်းဆက်ကို လှပတင့်တယ်စွာတွဲဖက်ဝတ်ဆင်ထားသော မိန်းကလေးကတော့ မနက်မိုးသောက် ၅ ခွဲအတိမှာအိမ်အထိလာခေါ်ပြီး ဘယ်သွားမှာလဲ?ဆိုတာဘယ်လောက်မေးမေး မပြောပဲလေဆိပ်ခေါ်လာလို့အံ့ဩမျက်နှာဝင်းဖန့်ဖန့်လေးနဲ့ ဆင်းလာကာ ....

"မြင့်မိုရ်.....ဘယ်သူပြန်လာလို့လဲ"
"လာပါ.....မြင်ရင်သိမှာပဲ"
လေဆိပ်အတွင်း MAI ပြည်ပခရီးစဉ် ၆နာရီ လေယာဉ် ဆိုက်ရောက်မရောက်မေးမြန်းကြည့်နေစဉ်......

"မြင့်မိုရ်......ခက်......"
ဝမ်းသာအားရစွာ နာမည်အော်ခေါ်သံနှင့်အတူလူတစ်ယောက်ပြေးလွှားလာရာ အရပ်သို့....မြင့်မိုရ်တို့နှစ်ယောက်လှည့်ကြည့်ရာ...

" ဟယ်....ထူးသန့်ဘို" ခက်ရဲ့အံ့ဩဟန်
"သူငယ်ချင်းထူးသန့်" မြင့်မိုရ်ရဲ့ခေါ်သံတစ်ပြိုင်တည်းထွက်ပေါ်လာမိသည်သာ။

coat အနက်၊စတိုင်ဘောင်းဘီအရှည်ဖြင့်
စမတ်ကျနေသောသူငယ်ချင်းကို  ဖက်လှဲတကင်းခရီးဦးကြိုဆိုကာ သွားလိုရာ‌ သွားဖို့ရာ သုံးယောက်သား လေဆိပ်မှထွက်ခွာလာကြသည်။
ဆယ်တန်းအောင်ပြီး မြန်မာပြည်ရှိအိမ်၊ပိုင်ဆိုင်မှုတွေအကုန်ရောင်းကာ ဩဇီကို မိသားစုလိုက်ပြောင်းသွားသော ထူးသန့်အတွက် အဆင့်မြင့်ဟိုတယ်တွင်တည်းမယ်ဟုဆိုသော်လည်း မြင့်မိုရ်ကမရ၊သူ့အိမ်ကိုသာ အပါခေါ်ခဲ့သည်။
လေဆိပ်မှ အပြန်ဆိုင်တစ်ဆိုင်မှာ Breakfast ဆွဲရန်ပြောသော်လည်း
ထူးသန့်သည် ဟင့်အင်းဟုဆိုသဖြင့်
မြင့်မိုရ်အိမ်ကိုသာပြန်လာခဲ့ကြရသည်။
မြင့်မိုရ်တို့အိမ် ဧည့်ခန်းအတွင်း၌

အချစ် ယုံကြည်ရာWhere stories live. Discover now