အေးချမ်းသာယာတဲ့ မနက်ခင်းမိုးသောက် တစ်နေ့တာထွန်းလင်းမဲ့နေမင်းကြီးဆီကအလင်းရောင်လေး ဖြာဖြာလင်းချိန်အခါတွင်
ရွှေဒဂုံဆံတော်မြတ်ကြီးဆီသို့ ကားတစ်စီးရပ်ကာ မြင့်မိုရ်၊ထူးသန့်၊ခေတ်သုတ၊
နွယ်နီသွေးနှင့်ရိုးဂုဏ်နွယ်တို့လေးယောက် ဓာတ်လှေကားစီးကာ ဘုရားပေါ်သို့ တက်ကာလာခဲ့သည်။
သူတို့ထက်စောကာ ရောက်နေကြသောလူများစွာရှိလျက်။ရှေ့မှာလက်တွဲကာ သွားသော ရိုးနှင့်နွယ်နီအပြင် သူမတို့သူငယ်ချင်းခေတ်သုတ၊စကားတပြောပြောဖြင့်နောက်ကလိုက်ပါခဲ့သော ကောင်လေးနှစ်ယောက်၊တစ်ယောက်က ကင်မရာကိုင်ကာစကားပြောနေပြီးနောက်တစ်ယောက်ကတော့ ရှေ့ကကောင်မလေးနှစ်ယောက်မျက်စိအောက်က ပျောက်မှာဆိုးကာ ကြည့်ကာနေသည်။
ပခုံးကျော်ကျော်ဆံပင်လေးကို ခေါင်းစည်းကြိုးအဝါရောင်လေးဖြင့် အမြင့်လေးချည်ကာခရမ်းရောင်ပျော့ပျော့
ပြောင်ဝမ်းဆက်ကလေးကို အင်္ကျီရင်ဖြတ်ဆက် ဇာလေးနဲ့တွဲကာချုပ်၍ဝတ်ထားပါသော ရိုးဂုဏ်နွယ်နှင့်ဆံပင်ကုတ်ဝဲလေး ဖြင့်
ရိုးလို တစ်ပုံစံထဲ အဝါရောင်အင်္ကျီဝမ်းဆက်လေးဝတ်ထားသော နွယ်နီသွေးတို့နှစ်ယောက်၊ဆင်တူလေးဆိုသော်လည်း ညီမငယ်လေးသည် အမေတူသမီးဖြစ်၍ ပုတုတုလေး၊မျက်နှာလေးသွယ်ကာ ချစ်စရာကလေးလေးအရွယ်၊ဟော ရိုးဆိုတဲ့ကောင်မလေးကတော့
အသက်အရွယ်လေးနဲ့မလိုက် တင်ရင်ဖွံ့ဖြိုးကာ မျက်နှာဝိုင်းလေးနှင့်မျက်ဝန်းနက်လေးအားပိုင်ဆိုင်သူ၊အရင်ချိန်ကဆို ဂါဝန်၊စပို့ရှပ်ပွပွ၊ဘောင်းဘီပွပွဝတ်သူဖြစ်၍မသိသာသော်လည်း အခုလိုခန္ဓာကိုယ်ချပ်ချပ်ပေါ်လွင်အောင် ပြောင်ဝမ်းဆက် ဝတ်ဆင်ထားသည့်အခါ ပို၍တင်လေးလုံးကာ ဖွံ့ဖြိုးနေသည်သာ။ဤအခြင်းအရာကို ဝေဖန်ပိုင်းခြားသူက ထူးသန့်ဖြစ်ပြီး မြင့်မိုရ် ကတော့ အရယ်အပြုံးမရှိသူငယ်ချင်းဖြစ်သူအား ဘုရားရင်ပြင်ပေါ်တွင်"နှာဘူးကောင်"
"ဟာ ငါမြင်တာပြောပြတာလေ၊ဘုရားပေါ်မှာကို ဒီဆရာကြီးတော့"
"တော်ပြီ ထူးသန့် ဘုရားဦးချမယ်"
"အေးပါ...အမယ် ဘာကြောင့် မင်းတစ်ပည့်နဲ့အတူ အရောင်ဆင်တူဝတ်လာတာလဲ"
"ဘယ်မှာတူ"
"အေးပါ မင်းပဲဆရာကြီး ၊သွား ရိုးဘက်ကခိုး၊ငါကသုတက ပိစိသွေးလေးနားခိုးမယ်"
ထူးသန့်ကတော့ စပို့ရှပ်အနီစင်းနှင့်ဂျင်းဘောင်းဘီတွဲဝတ်ကာဘုရားလာသော်လည်း၊မြင့်မိုရ်နှင့် ခေတ်သုတတို့ဆရာတပည့်နှစ်ယောက်ကတော့တစ်ပည့်ဖြစ်သူကဦးဂျမ်းအနက်နှင့်တွဲကာ အင်္ကျီနက်ပြာရောင်၊မြင့်မိုရ်ဟာ ဝတ်နေကြအတိုင်း အင်္ကျီလက်ရှည်အဖြူနှင့်ယောပုဆိုးခရမ်းရောင်ကိုဝတ်ဆင်လာသည်။ဘာရောင်ညာရောင်ရွေးဝတ်တာမဟုတ်သော်လည်း ရိုးဂုဏ်နွယ်ဆိုတဲ့ ကောင်မလေးနဲ့မှ အရောင်လာတူနေရတယ်လို့။
ဘုရားရှိခိုးပြီးစီးကာသွားတော့ ကင်မရာဆရာသမားက ရှေ့ကမော်ဒန်နှစ်ယောက် ပိုစ့်အမျိုးမျိုးကို စိတ်ကြိုက်ရိုက်လေသည်။
"ကဲ ပြီးရင်လည်း သွားကြမယ်၊မနက်စာစားပြီးပြန်ရအောင်"
"နေအုံးကိုကြီးထူးသန့်"
"လာ ကိုကြီးဆရာ မီးတို့နဲ့တူတူ ဓာတ်ပုံရိုက်ရအောင်"
"ဟာ အငယ်ဆုံးလေး ကိုကြီးမရိုက်"
"လာပါ ဆရာကလဲ ရိုးတို့နဲ့အတူတူရိုက်ရအောင် အမှတ်တရဖြစ်အောင်"
သူ့စကားမဆုံးခင်ရိုးကပါ ဆွဲခေါ်ကာ ဓာတ်ပုံရိုက်ဖို့ပြောလိုက်သောအခါ သူပါသူမတို့သုံးယောက်နှင့်အတူတူ ဓာတ်ပုံရိုက်လိုက်ရသည်။
YOU ARE READING
အချစ် ယုံကြည်ရာ
Romanceတက္ကသိုလ် ရူပဗေဒဌာနမှာ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ညီမနှင့် ဖခင်၏ မိတ်ဆွေ သမီးလေးအပါအဝင် ၊ညီမ၏သူငယ်ချင်းသုံးယောက်ကို စာသင်ပေးရင်းးး ညီမနဲ့ရွယ်တူ ကလေးလေးကိုမှ စိတ်ဝင်စားခဲ့သူ ဆရာမြင့်မိုရ် ဆရာလိုအစ်ကိုလို အားကိုးချစ်ဖြင့် ချစ်မဲ့ ကျောင်းသူလေး ရိ...