အခန်း (၁၀)

24 0 0
                                    

"ရိုးရေ"
အပေါ်ထပ်လှေကားကနေ အော်ကာ ပြေးဆင်းလာတဲ့ အငယ်ဆုံးလေး။
"ဟီးးး.....ကိုကြီးဆရာ"
ထမင်းစားခန်းကနေ ထွက်လာသော
ကိုကြီးဆရာက လှေကားအောက်ခြေအရောက်မီးလေးကို ကြည့်နေတာကလဲ ဘယ်လိုကြီးလဲ။
"ကိုကြီးဆရာကလဲ မီးကိုဘယ်လိုကြည့်နေတာလဲ"
"ဘာတွေ မှာအုံးမလို့လဲ အငယ်ဆုံးလေး"
"မှာပါဘူး ရိုးကို ပြောစရာရှိလို့"
"မိန်းကလေးတဲ့ အဲ့လိုပဲပြေးလွှားနေရလား...တစ်ဘက်ခါဆိုစာမေးပွဲဖြေရတော့မယ်၊ခြေချော် လက်ချော် ဖြုတ်ကျရင် ဘယ်လိုလုပ်မလဲ"
"ဟုတ်"
ညီမငယ်ပုခုံးကို ဖက်ကာ ပြေးလွှားနေလို့ ဆုံးမစကားပြောကာ ဧည့်ခန်းအတွင်း မောင်နှမနှစ်ယောက် ဝင်လာခဲ့လေသည်။

"ရိုးကလဲ ငါခေါ်နေတာ မကြားဖူးလား"
"ဟင် ဟုတ်လား မကြားလိုက်ဘူး"
"ဟင်း ညကြမှ ဖုန်းဆက်ပြောတော့မယ်"
"အင်း"
"အခုပြောတော့ ဘာဖြစ်လို့လဲ"
"ကိုကြီးဆရာ ရှိလို့လေ"
"နေစမ်းပါအုံး ဘာစကားမို့...."
"ဆရာ ရိုးပြန်ချင်ပြီ"
"ဟင် အင်း သွားမယ်လေ"

ရိုးအပြောကြောင့် မြင့်မိုရ်တစ်ယောက် အငယ်ဆုံးလေးကိုပြောမဲ့စကား အဆုံးမသတ်ပဲ ရိုးကိုပြန်ပို့ရန် ထရပ်လိုက်ရသည်။
ရိုးသည် ဆရာ့အိမ်အား မမလေပြေတို့အား ထမင်းစားဖိတ်သည့်ရက်ပြီး နောက်ရက်မှစ၍ ဆရာ့အိမ်တွင်သာ နေထိုင်ကာ ကျောင်းတတ်ရတော့သည်။
အခုတော့ ‌စာမေးပွဲဖြေရန်  ၂ရက်သာလိုတော့သည်။ဖေဖေ့နှင့်မေမေ့အားလွမ်းသည်ဟုဆိုကာ ဆရာ့အား အိမ်သို့လိုက်ပို့ခိုင်းခြင်းဖြစ်လေသည်။

အရှေ့ကနေထွက်သွားသော ဆရာ့နောက်ကလိုက်ရင်း ရိုးနဲ့နွယ်နီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အသံတိတ်ရယ်ကာ နွယ်နီသည် ဖုန်းဆက်ဖို့ လက်ချောင်းဖြင့် အမူအရာလုပ်ပြလေသည်။

ကားပေါ်တက်သွားသော ကိုကြီးဆရာနှင့် ရိုးကိုကြည့်ရင်း
"ကိုကြီးဆရာတို့များ ရိုးတစ်ချက်ချွဲလိုက်တာနဲ့ သူပြောမဲ့စကား အကုန်ရပ် အမြင်ကပ်စရာ"ဟု တစ်ယောက်ထဲပြောရင်း အိမ်ထဲပြန်ဝင်လာလေသည်။
"ဘာတွေပွစိပွစိ ပြောနေတာလဲ အငယ်ဆုံးလေး"
"ကိုကြီးဆရာပေါ့ မီးကိုပွားမလို့ စကားစမလို့ရှိသေး၊ဟီးး  ရိုးတစ်ချက်ချွဲလိုက်တာ တိတ်သွားတာပဲ"
"ဟုတ်လား အငယ်ဆုံးလေး၊အဟား အဖေ့စိတ်ကူးတွေကို တို့ကိုကြီး အကောင်အထည် ဖော်နေတာ၊ပြောတော့ ကလေးလေးဆိုပြီး"
"ဘာလဲ ကိုလေး "
"ကလေးက ကလေးလိုနေ"
"ဟာ ကိုလေး အကျင့်ပုတ် မီးလဲပြော"
"ပြောနော် ကိုလေး"
" မီးကို ပြောလို့"
"ဟာ အငယ်လေး"
စိတ်မရှည်စွာဖြင့် ဖုန်းထိုင်သုံးနေသော ကိုလေးကျောကို တပုတ်ပုတ်ရိုက် အတင်းမေးသော မီးကို ပြောပြကာ ရိုးကို မပြောရန် နှုတ်ပိတ်သော်လည်းမရ၊နောက်ဆုံးတွင် စာမေးပွဲနောက်ဆုံးနေ့အပြီး ဘုရားဖူးလိုက်ပို့မယ်ဆိုကာမှ ကျေကျေနပ်နပ် လက်ခံတော့သည်။

အချစ် ယုံကြည်ရာWhere stories live. Discover now