"မြင့်မိုရ်"
"ပြော"
"မင်း ဒီရက်ပိုင်း ပျော်စရာတွေရှိလား"
"နေ့ရက်တိုင်းက ငါ့အတွက်ပျော်စရာတွေလေ"
"အေးလေကွာ ငါပြောတာအခုရက်တွေမှာ "
"No "
"ဟုတ်ကိုမဟုတ်သေးဘူး၊မင်းမျက်နှာမှာ မှိုရသလိုလို၊စိန်ရသလိုလို ၊ဖော်ပြလို့မရတဲ့ ခံစားချက်ပဲ"
"အဟား မင်းစာရေးဆရာလုပ်မလို့လား"
"ချီးမှပဲ တော်ပြီကွာ ၊မပြောလဲနေ"ခက်ရဲ့ မင်္ဂလာပွဲနေ့မရောက်မှီတစ်ရက်မှာ ထူးသန့်ဘိုကို မြင့်မိုရ်တစ်ယောက် သွားရောက်ကြိုပြီး အိမ်ကိုပြန်လာရာ
ကားမောင်းနေတဲ့ မြင့်မိုရ်ဟာ အရင်သူ့ကို လာကြိုစဉ်အခါတုန်းကလိုမဟုတ်ပဲ တော်တော်ကို အူမြူးနေတဲ့ပုံ၊ခက်ကတော့ မင်္ဂလာပွဲအတွက် အလုပ်ကှုပ်၍ သူ့ကို လာမကြိုနိုင်၊မြင့်မိုရ်အတွက် သူပြောသလို နေ့ရက်တိုင်းက ပျော်စရာဆိုတာ ယုံပါတယ်၊အလုပ်အကိုင်၊မိသားစု အပါအဝင် အရာရာကို သူ့စိတ်တိုင်းကျ ပြုမူနေထိုင်တာပင်၊စိတ်ညစ်စရာဟူစွမရှိသူ၊အခုပုံစံက အရင်မြင့်မိုရ်ပုံစံ တစ်စိုးတစ်စိမှ ရှာမရပေ။ဘာလဲကွာ။
"ကျစ် "
"ဟ ဘာဖြစ်တာလဲ"
"မင်းလိုပဲ No"
မြင့်မိုရ် သူငယ်ချင်းထူးသန့်ကိုကြည့်ပြီးကလေးလေးရေ ကိုတော့ခက်ပြီ။ကို့ပုံစံက အရူးအမဲသားကျွေးသလို ပုံစံဖြစ်နေပြီထင်တယ်ကွာ။ ကျောင်းသွားစဉ်အခါကလဲ ရိုးလေးဆီ ဝင်တွေ့ပြီး မနက်စာအတူတူစား၊စကားတွေပြောပြီး ချစ်စရာ ကလေးလေးမျက်နှာ တစ်ဝကြီးကြည့်ပြီးမှ သွားဖြစ်တယ်။အဲ့လိုနေ့ဆို ရင်ထဲကြည်နူးစိတ်နဲ့ ကိုရင်ထဲ ပျော်မြူးနေတာ မျက်နှာမှာ ပေါ်သတဲ့၊အရင်တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ ကို့မျက်နှာက ပျားသကာတွေလောင်းထားသလို အပြုံးတွေနဲ့ ချိုနေသတဲ့။"တီ တီ တီတီ"
ခြံဝန်းတံခါးပိတ်ထားသောကြောင့် မြင့်မိုရ် ကားဟွန်းတီးလိုက်လေသည်။
အိမ်ထဲမှ အငယ်ဆုံးလေးပြေးလာကာ တံခါးဖွင့်ပေးလေသည်။ကားမှန်ချကာ
"အငယ်ဆုံးလေး တက်"
"လမ်းလျှောက်မှာ" ဆိုပြီး တံခါးပိတ်ကာသူ့တို့ကားကိုကျော်၍ ပြေးသွားပြန်ပြီ။ကားပေါ်ကဆင်းလျှင်ဆင်းခြင်း သူ့တို့အနား လာရပ်သော အငယ်ဆုံးလေးကို
"ဘာလို့ပြေးနေတာလဲ လဲမယ်လေ "
"မီး မလဲပါဘူး ကိုကြီးဆရာကလဲ"
"အေးလေ မင်းကလဲ အငယ်လေးပြောတာဟုတ်သား"
"အတိုင်အဖောက်ညီနေကြတယ်"
"မီးမှာတာ ပါလား ကိုကြီးထူးသန့်"
"ပါပါ့ဗျာ"
"ဟီး"
"အိမ်ထဲမခေါ်နဲ့ သိလား ၊အပေါက်ဝမှာပဲစကားရပ်ပြောနေ"
"အဟိ ဟုတ်သား လာကိုကြီးထူးသန့်"
နှစ်ယောက်သား အရင်လာပြီး ပြန်သွားကထဲက online ပေါ်ကနေ သူနဲ့စကားပြောတိုင်း လိုက်လိုက်ရှုပ်ကာ သူလိုချင်သော ပစ္စည်းများကို လှမ်းလှမ်းမှာကာ ဗိုလ်ကျနေကြ။အခုလဲ ဘာမှာထားပြန်ပြီလဲ မသိ။
YOU ARE READING
အချစ် ယုံကြည်ရာ
Romanceတက္ကသိုလ် ရူပဗေဒဌာနမှာ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ညီမနှင့် ဖခင်၏ မိတ်ဆွေ သမီးလေးအပါအဝင် ၊ညီမ၏သူငယ်ချင်းသုံးယောက်ကို စာသင်ပေးရင်းးး ညီမနဲ့ရွယ်တူ ကလေးလေးကိုမှ စိတ်ဝင်စားခဲ့သူ ဆရာမြင့်မိုရ် ဆရာလိုအစ်ကိုလို အားကိုးချစ်ဖြင့် ချစ်မဲ့ ကျောင်းသူလေး ရိ...