အခန်း (၃)

11 0 0
                                    

✨ LIGHT STAR ✨ HOTEL GROUP & Wedding Dress Shop

Meeting Room

‌"ကျွီ.....ဒေါက်ဒေါက်....ဒေါက်ဒေါက်
ချပ်ချပ်"
တံခါးဖွင့်သံနှင့်အတူ စည်းချက်ညီညီထွက်ပေါ်လာသော ဒေါက်ဖိနပ်သံ။တံခားပိတ်ကာ အစီအရီဝင်လာသော လူသုံးယောက်။

✨ LIGHT STAR ✨ HOTEL GROUP & Wedding Dress Shop ရဲ့ CEO ဒေါ်ခက်မာသွယ်၊ညာဘက်တွင် သူ့ရဲ့PA (Personal Assistant) လျှံဘုန်းညီ၊CEO ဒေါ်ခက်မာသွယ်ရဲ့ ကုမ္ပဏီအားလုံးရှိငွေစာရင်းကိုင်သူ ဒေါ်ပုလဲခင်တို့သာ...

"အလုပ်တွေကိုယ်ဆီရှုပ်နေတဲ့ကြားက တက်ရောက်ပေးလို့ကျေးဇူးပါ၊ဒီနေ့ညနေအရေးပေါ်ခေါ်လိုက်ရတဲ့ အစည်းအဝေးက လာမဲ့ အပတ်သောကြာနေ့ကြ ခက်တို့
✨ LIGHT STAR ✨ HOTEL GROUP နဲ့အပြိုင် Top tens list ထဲမှာ ပါတဲ့ Dream Blank Company (ကုမ္ပဏီ) မန်နေဂျင်းဒါရိုက်တာရဲ့အားအထားရဆုံး၊အားကိုးရဆုံးသားလတ်အတွက်
မင်္ဂလာ ဆင်ယဉ် ကျင်းပမှုကို ခက်တို့ Wedding Dress Shop ကို ငှားရမ်းခဲ့တယ်၊ဘယ်လိုပုံစံ၊ဘယ်လိုဆင်ယင်မှု၊ဘယ်လိုပန်းမျိုးကိုလိုချင်ပါတယ်လို့ ညှိနှိုင်းခြင်းမရှိဘူး၊သတို့သား၊သတို့သမီးဝတ်မဲ့အရောင်၊နှစ်ဖက်မိဘတွေဝတ်စားဆင်ထုံးဖွဲ့မှုနဲ့လိုက်အောင်၊ခက်တို့ဘာသာ ဆင်မြန်းပေးရမယ်။နောက်တစ်ခုက လူကြီးမင်းတို့ကို မတိုင်ပင်ပဲ ခက်တစ်ဦးထဲ ဆုံးဖြတ်လိုက်တဲ့ အရာလည်းရှိပါသေးတယ်၊အဲဒါကဘာလဲဆိုတော့........"
ခက်အပြောကို သဘောမကျသော ရှယ်ယာရှင်လူကြီးတွေရဲ့ အကြည့်ကို စကားခဏရပ်ကာခက်မျက်နှာပေါ် စူးစိုက်ကြည့်‌အောင်ဆွဲဆောင်လိုက်၏။ပြီးမှ....

"သတို့သားမိသားစုနဲ့ခက်တို့ဆွေးနွေးအပြီး ခက်တို့ဆင်ယင်မှုကို သဘောမကြရင် ငွေကြေးပေးချေမှုမလုပ်ရဘူးဆိုတဲ့ကတိ......ခက်ပေးခဲ့တယ်"

"ဘာ....."
"ဘယ်လို...."
"အဓိပ္ပာယ်မရှိတာ...."

မန်နေဂျင်းဒါရိုက်တာ ခက်မေသွယ်
ရဲ့အပြောကို အံ့ဩတုန်လှုပ်ကာ
အာမေဍိတ်‌သံပေါင်းစုံ ရှယ်ရာရှင်များထံမှ
ထွက်ပေါ်လာခဲ့သည်လေ။ခက်...ခန့်မှန်းပြီးသားအရာတစ်ခုပင်။ကုန်ကျငွေပမာဏက ပမွှားလေးမဟုတ်။သိန်း ၅ ထောင်‌ကျော်မက
ကုန်ကျမယ်သာ။

အချစ် ယုံကြည်ရာWhere stories live. Discover now