" ဝင်ခွင့်ပြုပါဆရာကြီး"
"ဝင်ခဲ့ပါ"
"Tutorial စာအုပ်တွေပါ ဆရာကြီး"
"ဟုတ်ပါပြီ တင်ခဲ့လိုက်သားတို့သမီးတို့"
"ဟုတ်ကဲ့ ဆရာကြီး.....သားတို့ကိုခွင့်ပြုပါအုံး"မြင့်မိုရ် တစ်ယောက် မဟာနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူတွေအပြောကို ခေါင်းသာညိမ့်ပြလိုက်မိသည်။
တက္ကသိုလ်တွေရဲ့ထုံးစံအတိုင်း
တနင်္လာ၊သောကြာဆို ဆရာ၊ဆရာမ၊မဟာပထမနှစ်၊ဒုတိယနှစ်ကျောင်းသား၊ကျောင်းသူတွေအကုန် အင်္ကျီအဖြူ၊လုံခြည် အပြာ၊မိန်ကလေးဆို လုံခြည်အပြာဒူးအောက်နားမှာ ချိတ်လိုင်းတစ်လိုင်းနှစ်လိုင်းဆိုပြီး ခွဲခြားကာ ဝတ်ဆင်ရမြဲသာ။
အခုလိုဝတ်ဆင်ရတိုင်း ကိုယ်လျှောက်ခဲ့တဲ့ လမ်း၊ကိုယ်ရွေးချယ်ခဲ့တဲ့ ဘာသာရပ်၊ကိုယ်ဝါသနာပါရာ အလုပ်အကိုင်အတွက် ပီတိဖြစ်စမြဲ။
ကျောင်းဖွင့်ရက် ရက်သတ္တပတ်ရဲ့နောက်ဆုံး သောကြာနေ့တွင်ဆို နယ်မှကျောင်းသားအများစုအိမ်ပြန်ချိန်ဖြစ်သည်။ထိုကြောင့်သောကြာနေ့ရဲ့ အချိန်ဇယားသည် ၂ နာရီဆို ကျောင်းသားတွေအချိန်ကုန်ပြီသာ။
ဆရာ၊ဆရာမတွေရဲ့အိမ်ပြန်ချိန်ကား ပုံမှန် ၄နာရီသာ ဖြစ်၍ ကျောင်းရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို အပြီးသတ်လုပ်ဆောင်တတ်သော မြင့်မိုရ်ရဲ့အိမ်ပြန်ချိန်က ၅နာရီမျှသာ။
စည်းကမ်းကြီးသောမြင့်မိုရ်ဟာ ရူပဗေဒဌာနလက်အောက်က ဆရာ၊ဆရာမအားလုံး၊ကျောင်းသား၊ကျောင်းသူအားလုံးကို မောင်နှမသားချင်းများ သဖွယ်ဂရုစိုက်တတ်သူသာ။
နယ်မှပညာရေးအတွက် မိဝေးဘဝေးကျောင်းတတ်ရသော တစ်ပည့်အားလုံးအတွက်သာမက၊နယ်ဝေးမှ အလုပ်တာဝန်လာရောက်ထမ်းဆောင်သော ဆရာ၊ဆရာမတွေအဆင်ပြေဖို့၊နယ်သို့ပြန်ရမဲ့သူတွေ
အိမ်ပြန်ချိန်နောက်မကျဖို့ သောကြာနေ့ဆို နေ့လည်နေ့ဝက်ကို Tutorial တစ်ချိန်သာထည့်၍ အချိန်ဇယားဆွဲပေးထားခြင်းသာ။
စည်းကမ်းတင်းကျပ်သော ဆရာကြီးလက်အောက်တွင် စာသင်ရသော်၊အလုပ်လုပ်ရသော် တစ်နေ့တာကိုပေါ့ပါးသွက်လက်စွာ အားကြိုးမာန်တတ် သင်ယူ၊လုပ်ကိုင်ရ၍ လေးစားသည်။ချစ်ခင်ကြသည်။ငယ်ငယ်ရွယ်ရွယ်ဖြင့်ဌာနမှူးဖြစ်နေမှုကြောင့် အားကြအတုယူကြသော လူးသားတစ်ဦးပင်။
ရူပဗေဒဌာန မဟာပထမနှစ် အတန်းဆောင်ရှေ့ ကားရပ်ရာနေရာအရောက်....
YOU ARE READING
အချစ် ယုံကြည်ရာ
Romanceတက္ကသိုလ် ရူပဗေဒဌာနမှာ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ညီမနှင့် ဖခင်၏ မိတ်ဆွေ သမီးလေးအပါအဝင် ၊ညီမ၏သူငယ်ချင်းသုံးယောက်ကို စာသင်ပေးရင်းးး ညီမနဲ့ရွယ်တူ ကလေးလေးကိုမှ စိတ်ဝင်စားခဲ့သူ ဆရာမြင့်မိုရ် ဆရာလိုအစ်ကိုလို အားကိုးချစ်ဖြင့် ချစ်မဲ့ ကျောင်းသူလေး ရိ...