အခန်း (၁၅)အဆက်

10 0 0
                                    

ရိုးလေးနဲ့ အငယ်ဆုံးလေးကို Lady Fashion ဆိုင်မှ အိမ်သို့ပို့ပေးပြီး
ထူးသန့်နဲ့ မြင့်မိုရ်တို့နှစ်ယောက် ခက်၏ဖုန်းဆက်ခေါ်မှုကြောင့် ခက်အိမ်သို့ သွားရောက်ခဲ့လေသည်။

"မောင် ဒါမရဲ့ သူငယ်ချင်းတွေ၊သူကထူးသန့်ဘို၊သူကတော့ မောင်သိတယ်မို့လား မြင့်မိုရ်သွေး"
"ထူးသန့်နဲ့မြင့်မိုရ် ငါ့ရဲ့သတို့သား လျှံဘုန်းညီ"
"ဟုတ် အစ်ကိုတို့ တွေ့ရတာ ဝမ်းသာပါတယ်"
ပြုံးပြနှုတ်ဆက်ကာ မိတ်ဆက်ကြလေသည်။

"ခက် Congratulations ပျော်ရွှင်စရာ အိမ်ထောင်ရေးမှာ သားတွေ၊သမီးတွေ၊မြေးတွေ၊မြစ်တွေနဲ့ သေတပန်သက်တစ်ဆုံး ပျော်ရွှင်ချမ်းမြေ့ပါစေ"
ထူးသန့်ရဲ့ဆုမွန်ကောင်းတောင်းပေးမှုကြောင့်
"အေးပါ နင်တို့နှစ်‌ယောက်စလုံးကို
Thank You So Much"
"Never Mind"

"မြင့်မိုရ် အန်ကယ်ကော နေကောင်းလား"
"ကောင်းတယ် ခက်"
"ခက် ပျော်ရွှင်မှုတွေ အများကြီးပိုင်ပါစေနော်"
"ကျေးဇူးပါ မြင့်မိုရ်"
မြင့်မိုရ်ရဲ့ ဆုတောင်းစကားကြောင့် ခက်မျက်ရည်ကျမိလေသည်။

"မ"
"ခက်"
"ခက် ဘာမှမဖြစ်ပါဘူး ပျော်လို့မောင်၊ခက်ကိုချစ်တဲ့သူ၊ ခက်ကချစ်ရသူ နဲ့ တစ်သက်စာလက်တွဲခွင့်ရလို့ပျော်လို့ပါ"
"အရူးမ"
သူငယ်ချင်းနှစ်ယောက်ရဲ့ထောပနာပြုသံကြောင့် ခက်တို့ လေးယောက်စလုံး ရယ်မောမိလေသည်။

"မြင့်မိုရ်မင်္ဂလာပွဲကြရင် ခက်ကို အပ်ရမယ်"
"ဘယ်လို ထူးသန့်"
"ဟာ ဟေ့ကောင်ထူးသန့်"
"ပြော ထူးသန့် ငါလည်းသိရမှပေါ့"
"ဘာမှမဟုတ်ဘူးခက် အဝေးကြီးလိုသေးတယ်၊ကလေးလေးက လွတ်လွတ်လပ်လပ်နေချင်အုံးမှပေါ့"
"ဟယ် ပိုသိချင်လာပြီ ကလေးလေးဆိုပဲ"
ထူးသန့်သည် ခက်ကို သူနှင့်ရိုးလေးအကြောင်းကို အကုန်ဖောက်သည်ချကာ ပြောဆိုလေသည်။

"အို ဒါဆို မြင့်မိုရ်က ငါ့ပွဲကို သူ့ကလေးလေးနဲ့တက်မှာပေါ့လေ"
"မှန်ပါ့"
"မြင့်မိုရ် ငါဝမ်းသာတယ်နော်၊ဒါကြောင့် ငါ့သူငယ်ချင်း ပိုနုထွတ်လာတာ"
"နွားအို မြတ်နုကြိုက်လေ"
"ဟား ထူးသန့်များပြီနော်"
"ဟားဟား "
မြင့်မိုရ်တို့သူငယ်ချင်းသုံးယောက်နဲ့ ခက်ရဲ့ သတို့သားတို့ ရှေးဟောင်းနောက်ဖြစ်တွေ၊စီးပွားရေးအကြောင်းပါမကျန် ပြောဆိုကာ ရယ်မောရင်း ညနေစောင်းမှ နှုတ်ဆက်လမ်းခွဲကြလေသည်။
ခက်သည် မောင်းထွက်သွားသော ကားလေးကိုကြည့်၍ ငါနားလည်သွားပါပြီ ၊အချစ်ဆိုတာ အတင်းအကြပ်လုပ်ယူလို့ရတဲ့အရာမဟုတ်ဘူးဆိုတာကိုပေါ့၊ငါ့ရဲ့ရွေးချယ်မှု မှန်ကန်တယ်မို့လားမြင့်မိုရ်၊ငါ့ကိုအရမ်းချစ်တဲ့မောင့်ရင်ခွင်မှာ ထာဝရနေမယ်၊ငါတို့သူငယ်ချင်းနှစ်ယောက် ကိုယ်ယုံကြည်ရာ အချစ်တွေနဲ့ ရှေ့ဆက်လျှောက်ကြတာပေါ့ မြင့်မိုရ်၊၅၂၈မေတ္တာနဲ့ ငါတို့တွေ ရှေ့ဆက် တွေ့ကြအုံးမယ်နော်။

အချစ် ယုံကြည်ရာWhere stories live. Discover now