"အမကြီးရယ် တကူးတကဘာလို့ယူလာတာလဲ"
"အညာလာတုန်းကလည်း ရုတ်တရက်ဆိုတော့ ဘာမှမပေးလိုက်လို့ပါကွယ်...အားမနာရဘူး ပျားရည်အစစ်က ကျန်းမာရေးအတွက်လည်းကောင်းတယ်..."
"ကျေးဇူးပါအမကြီးရယ်...ကိုသောမာန်က ဒါမျိုးဆိုသိပ်ကြိုက်တာ အခုနောက်ပိုင်းမြေးတွေရလာတော့မယ်ဆိုမှ ကျန်းမာရေးအရမ်းလိုက်စားလာတာ အမကြီးရေ..."
"ကျူပ်တို့ အသက်ရှည်ချင်တဲ့ အကြောင်းတရားလေးတွေပေါ့...ညီမရယ်..."
တစ်ဖက်မှာလည်း....
"စားရသောက်ရတာ အဆင်ပြေပြေရှိရဲလား...
ကိုထွန်းရင်""ရှိပါ့ဗျာ...ကျုပ်တို့ကလေးကို တွေ့လိုက်ရတာနဲ့ ဘာစားစား စားကောင်းနေတော့တာပဲ ဟားဟား..!"
"ကလေးအတွက်စိတ်မပူပါနဲ့...သားဖြစ်သူကလည်း ချစ်ရှာပါတယ် အိမ်ကလူတွေကလည်း အကုန်လုံး လပြည့်လေးကိုချစ်ကြပါတယ်..."
"အင်း...ဒီလိုကြားတော့ မိဘတစ်ယောက်အနေနဲ့ စိတ်ချမ်းသာမိတာတော့အမှန်ပဲဗျား... ကျုပ်တို့ကလေးကို ခုလိုတန်ဖိုးထားပေးတဲ့ မိသားစုနဲ့တွေ့စေချင်ခဲ့တဲ့ ဆန္ဒလေးလည်း ပြည့်သွားတာပေါ့ဗျာ...ဒီက ကိုသောမာန်တို့လင်မယားကိုလည်း သိပ်ကိုကျေးဇူးတင်ပါရဲ့..."
"စိတ်ချပါ...အခုဆို မြေးလေးတွေပါရလာတော့မှာဆိုတော့ နှစ်အိမ့်တစ်အိမ် ဒီထက်ရင်းရင်းနှီးနှီးဖြစ်အောင်နေကြတာပေါ့ဗျာ...ကျွန်တော်တို့လည်း ကိုထွန်းရင်တို့ရွာကို အေးဆေးလာလည်ချင်ပါသေးတယ်"
"လာခဲ့ဗျာ...ကျူပ်တို့အညာက အနားယူလို့သိပ်ကောင်းတာ အလုပ်တွေချည်းလှိမ့်လုပ်မနေပဲ...အေးအေးဆေးဆေးအနားယူချိန်လေးတွေလည်း ပေးကြပေါ့...ခင်ဗျားတို့မြို့ကလူတွေက တယ်အလုပ်လောဘကြီးတာကိုး..."
"ဟားဟား!! အဲ့တာတော့ဟုတ်တယ်ဗျာ..."
ဆေးရုံရဲ့ အခန်းကျယ်ကြီးတစ်ခုတွင် မိသားစု နှစ်စုရဲ့
ရင်းနှီးကျွမ်း၀င်လာတဲ့ စကားသံတွေက တစ်စုစီ ညံနေလေ၏။ ထိုနှစ်စုအလည်ရှိဟေမာန်ကတော့ ဟိုဘက်ကပြောနေတာနားထောင်လိုက် ဒီဘက်ကပြောနေတာနားထောင်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။

YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Roman d'amourintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ