ရှေး - " အိုးအိုး... အဲ့လိုမကြည့်ကြနဲ့လေ minနည်းနည်းဘဲကြာသွားတာပါ ဒီမာ တရားခံကအကိုကြီးဘဲ၊ မောင်းတာနှေးချက် "
ဟု ပြုံးပြုံးကြီးဖြင့်အပြစ်ပုံချနေသည်။
လင်းသန့် မျက်စောင်းထိုး၍
'အိမ်ကအမေကြောင့်သာမဟုတ်ရင် ဒီကောင်ကို ကားထဲကကန်ချပြီးပြီ'
" မင်းရှိုးပြင်နေတာကိုကျ ဘာလို့ထည့်မပြောတာလဲ ဘယ်လိုပြင်ပြင် ဒီရုပ်ဘဲထွက်တာကိုများ "
" အကိုကြီး ခုအပြင်မာရောက်နေတာလေ နည်းနည်းလောက်မျက်နှာသာပေးပါဦး "
လင်းသန့် စိတ်လေတယ် ဟူသောအမူအရာဖြင့် မျက်နှာလွှဲလိုက်သည်။
ဆုလင်း- " ကဲပါ ထားလိုက်တော့.....နိုနိုရော "
လင်းသန့် - " သူ မလိုက်ဖြစ်တော့ဘူး ကြိုချိန်းထားတာရှိတယ်လို့ပြောတယ် "
လမင်း-" ပါရင်ပိုပျော်ဖို့ကောင်းတာကို "
ရှေး - " နောက်တစ်ခေါက်မှပေါ့ သွားကြစို့ နောက်ကျနေပြီမလား "
ဆုလင်း- " ဟင်း...နင်တို့ ၂ယောက်နောက်ကျမယ်မှန်းသိလို့ တမင်စောခေါ်ထားတာ ၊ သွားမယ် အချိန်ကွက်တိဘဲ "
ရုပ်ရှင်ရုံထဲ၌
Terrifier အားပြသနေသည်။ ဇာဝင်ခန်းများကသွေးသံရဲရဲဖြင့်
ရှေး ကြည့်နေရင်း ဘေးတွင်ထိုင်နေသော မေမဒီကိုသတိရလိုက်သည်။ မသိမသာကြည့်လိုက်သောအခါ သူမအတော်ပင် တည်တည်ငြိမ်ငြိမ်ကြည့်နေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည် ။
' သူ မကြောက်ဘူးလား '
ထို့နောက် မဒီနား အနည်းငယ်ကပ်သွား၍ တိုးတိုးလေးမေးလိုက်သည်
" ကြောက်လား "
မဒီ တခုခုပြောသည်ကိုကြားလိုက်သော်လည်း မသဲမကွဲသာ
ထို့ကြောင့် ဘာမှမဖြေဘဲ ရှေးပြန်ပြောလာမည်ကိုနားထောင်ရန် လှည့်ကြည့်လိုက်သည်။
ရှေးက နောက်တကြိမ်အသံတိုးတိုးဖြင့်
" သူတို့ ကြည့်မဲ့ရုပ်ရှင်အကြောင်း ညီမ ကိုပြောပြထားလား" ၊ "တကယ်လို့အဆင်မပြေရင်မအောင့်ထားနဲ့နော် အမကိုပြောလို့ရတယ် "