Part - 3

19 2 0
                                    

မနက်ခင်းအလင်းရောင်ရသည်နှင့် လူများကိုတစ်စတစ်စ တွေ့လာရသည်။ စောစောထသည့်ငှက်တီကောင်ရသည်ကဲ့သို့သော လူများကိုအပြင်ဘက် အများအပြားတွေ့ရသည်။

သို့သော်လည်း လင်းသန့်သည် 'စောစောထတဲ့တီကောင် ဘာဖြစ်သွားလဲ' ဟုဆိုကာ ဆက်အိပ်သည့်အမျိုးအစားဖြစ်သည်။

( 8:00 )

*ဒေါက် ဒေါက် ဒေါက်*

"သား .. ထတော့ ညဆိုနောက်ကျမှအိပ်ပြီး မနက်ဆိုအူယားဖားယားနဲ့ ၊ မိငြိမ်းလာနိုးတာတောင်ဘယ်နှခေါက်ရှိနေပြီလဲ"

ထိုအခါမှ အိပ်မှုန်စုံဖွားအသံနှင့်ပြန်ဖြေလာသည်

"15 minဘဲ ၊ 15 min"

" 15 minတွေလုပ်မနေနဲ့တော့ ၊ ဟိုမာနင့်ညီမကိုစျေးထဲကနေ တခါတည်းခေါ်သွားရဦးမာ ထတော့"

"အာ .... ဒီကောင်တော့ ၊ မနက်စောစောစီးစီး ဘာအရူးထပြန်ပြီလဲ "

လင်းသန့် မထချင်သော်လည်း ထရန်သာတတ်နိုင်တော့တယ်။ မထလျှင်နောက်ကျမည် နောက်ကျလို့ကျောင်းရောက်တာနဲ့ တရားနာနေရဦးမည်။

-------------------------------------------------------------

"ကဲ ဒီမာရေစိမ်လေး စားသွားဦး ၊ နင့်ညီကတော့
စျေးထဲက တိုဟူးပျော့ဆိုင်သွားပြီ "

"အာ နောက်ကျအောင်လို့ ၊ မငြိမ်းကိုပါးလိုက်ရင်ရတာကို ၊ ဒီနေ့မှအရူးထနေတယ်"

"ဘယ်ဆိုင်ကဆိုလား သူ့အတန်းဖော် စားနေတာတွေ့လို့ အနံ့ကောင်းတာနဲ့ သူလဲစားချင်ပါသတဲ့လေ ၊ သူပြောတဲ့ဆိုင်ကမိငြိမ်းမှမသိတာ ၊ တခါတလေ သူ့ဟာသူဝယ်ပလေ့စေ"

လင်းသန့် ရွှဲ့ပြောလိုက်သည် "အနံ့ခံကလဲ ကောင်းပါ့ ၊ သားရဲလဲမဟုတ်ဘဲနဲ့"

"ဟဲ့ သားကြီး နင်မသိတာလဲမဟုတ်ဘူး ၊ အမေကလူ ၊ နင့်အဖေက ကျားသစ်နက်လေ ၊ နင့်ညီမက လူခန္ဓာကိုယ်နဲ့ဆိုပေမယ့် ကျန်တာက နင့်အဖေနဲ့တူတာ"

"ဟုတ်ပါပြီဗျာ အမေ့သမီးကိုမပြောတော့ဘူး သွားတော့မယ်"

"ဟဲ့ နင့်ဟာက စားလို့ရောပြီးရဲ့လား"

"ကျွန်တော်က သားရဲလေ ၊ အငယ်ကောင်လို နှေးကွေးမနေဘူး"

"ဘာ အငယ်ကောင်လဲ ၊ သူက မိန်းကလေးဟဲ့ သတိရဦး"

"အမေ့သမီးက ဆံပင်ရှည်တာကလွှဲလို့ ဘယ်မာမိန်းမဆန်တာရှိလို့လဲ တော်ပြီ မပြောတော့ဘူး"

"သွားပြီ သွားပြီ ⋌༼ •̀ ⌂ •́ ༽⋋"
အမေ၏ ပွစိပွစိပြောသည်များကို နားမခံနိုင်တော့။

"အော် ဒီမောင်နှမနဲ့တော့"

__________________________________________

"ဟာကွာ ဒီကောင် ဘယ်ဆိုင်မာလဲ မမေးလိုက်ရဘူး ငါတော့နောက်ကျပြန်တော့မယ်" ဟုရေရွတ်နေတုန်း

ရှေ့ခပ်လှမ်းလှမ်းမှ ပန်းဆိုင်နားတွင် လူတစ်ယောက် လက်၂ဖက်ရမ်းပြနေသည်။

" အကိုကြီး အကိုကြီး ဒီဘက်မာ \(^o^)/"

လင်းသန့်စိတ်ကိုရှည်ရှည်ထားကာ ပန်းဆိုင်နားသို့မောင်းသွားလိုက်သည်။

"မြန်မြန်တက်တော့ မင်းကြောင့်နောက်ကျတော့မယ်"

"ဟီးဟီး အေးဆေးပေါ့ 10မိနစ်တောင်လိုသေးတယ် အကိုကြီးလဲနောက်ကျရတာကြိုက်တယ်မလား ၊ မဟုတ်ရင် ဒီကညီမလေးနဲ့အတူ ဘယ်ရပ်ချင်ပါ့မလဲ"

လင်းသန့် - ' ( ̄へ  ̄ 凸 )'

သို့နှင့် မောင်နှမ ၂ယောက် ကျောင်းသို့ ဆက်သွားလိုက်သည်။

သို့နှင့် မောင်နှမ ၂ယောက် ကျောင်းသို့ ဆက်သွားလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျားသစ်နက်

ကျားသစ်နက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
M. I ( oc ) Where stories live. Discover now